Friday, March 23, 2012

မယ်လှစခန်းမှာ မြင်းဆေးရောင်းတဲ့သူဖမ်းမိ

ထိုင်းမြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းမှာ မြင်းဆေးရောင်းပြီးသုံးစွဲတဲ့ဒုက္ခသည်တစ်ယောက်
ကို ထိုင်းအာဏာပိုင်တွေကစုံစမ်းပြီးမြင်းဆေးနဲ့အတူဖမ်းမိသွားတယ်လို့ စခန်းလုံရေးမှူး စောအါး
မူကပြောပါတယ်။

ထိုင်းအာဏာပိုင်တွေက စခန်းမှာ အရပ်သားအဖြစ် ဟန်ဆောင်ပြီး မြင်းဆေးတွေကိုလိုက်ဝယ်ရာ
မှာ မြင်းဆေးရောင်းသူ စောကျော်အဲ့ကို စုံစမ်းသိရှိရပြီးဒီလ၁၅ရက်နေ့မှာစခန်းတာဝန်ရှိသူတွေနဲ့
စခန်းအုပ်ချုပ်တဲ့ထိုင်းစစ်သားတွေသူနေတဲ့နေအိမ်ကိုသွားရောက်ဖမ်းစီသွားတယ်လို့စောအါးမူက
ဆက်ပြောပါတယ်။

“ထိုင်းစစ်သားပဲ အရပ်သားအနေနဲ့ဟန်ဆောင်ပြီး လိုက်စုံစမ်းတယ် ပြီးတော့သုံးခါလေးခါလောက်
သွားဝယ်တယ် တကယ်သေချာမှ သူတို့က ကျနော်တို့တာဝန်ရှိသူတွေကို လာခေါ်ပြီး သွားဖမ်းကြ
တယ်”မြင်းဆေးရောင်းတဲ့ စောကျော်အဲ့က မြဝတီမှာ အဆက်အသွယ်ရကာမြင်းဆေးကိုအဆက်
မပြတ် ရောင်း ချနိုင်ဖို့ ပို့ပေးနေတာ သုံးလေးခါရှိပြီးဖြစ်သလို အခုတစ်ခေါက်ပို့ပေးတဲ့ မြင်းဆေး
က အလုံးတရာရှိဖြစ်ပေမယ့် ဖမ်းမိတဲ့အခါမှာ ရှစ်လုံးသာကျန်ရှိတဲ့အကြောင်း သူဆက်ပြောပါ
တယ်။

စောကျော်အဲ့က ၂၀၀၉ခုနှစ်မှာ ဆိုင်ကယ်ခိုးမှုနဲ့ ထောင်ဒဏ်နှစ်နှစ်ကျခံခဲ့ရပြီှးရှစ်လကြာလွတ်
မြောက်ပြီးနောက်အခုလို မြင်းဆေးရောင်းချတဲ့အမှုနဲ့ ပြန်ဖမ်းသွားပါတယ်။

မယ်လစခန်းမှာ ပြီးခဲ့တဲ့နှစ်တွေမှာလည်း အခုလို မြင်းဆေး၊ ဆေးခြောက်၊နဲ့ဘိန်းတွေပါရောင်းချ
တဲ့သူနဲ့ သုံးဆွဲသူတွေကို ဖမ်းမိတာရှိတယ်လို့ လုံခြုံရေးမှူ ကပြောပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ