Sunday, April 1, 2012

ဒုက္ခသည်တွေ အိမ်မိုးဖက် မလုံလောက်မှာ စိုးရိမ်နေ

အိမ်မိုးဖက်တွေ ရှားပါးလာတဲ့ အတွက် ထိုင်းနိုင်ငံ တာခ်ခရိုင် အုန်းဖန်မြို့နယ်မှာရှိတဲ့ နို့ဖိုးဒုက္ခသည်
စခန်းမှာ တီဘီဘီစီမှ ထောက်ပံ့မှုပေးတဲ့ အိမ်ဆောက်ပစ္စည်း တွေကို အပြည့်အစုံမရမှာကို စိုးရိမ်ရ
တယ်လို့ စခန်းကော်တီ သူးလေဒို့စိုးကပြောပါတယ်။

ဒုက္ခသည်တွေအတွက် အိမ်မိုးဖက် ၄၀
ရာခိုင်နုန်းသာရရှိတာဖြစ်ပြီး နို့ဖိုးစခန်း
အနီးတဝိုက်မှာရှိတဲ့ အိမ်မိုးဖက်တွေကို
ပုဂ္ဂလိက ကုန်သည်တွေက လက်ဦးသွား
ပြီး အိမ်မိုးဖက်တွေရှာနိုင်ဖို့မလွယ်တော့
တဲ့အတွက် အခုလိုစိုးရိမ်ရတယ်လို့ စော
သူလေဒို့စိုးက ပြောပါတယ်။

“အခြားသစ်၊ ဝါးတွေအဆင်ပြေတယ် အ
ခုလောလောဆယ် အိမ်မိုးဖက်က သုံး
သိန်းလိုသေးတယ်ပြီးတော့လည်း ရှာဖို့
ဟာမလွယ်တော့ စိုးရိမ်ရတာပေါ့ မနှစ်ကလည်း ဒုက္ခသည်တွေအတွက် အိမ်မိုးဖက်သုံးသောင်း
ကျော်မပေးနိုင်ခဲ့ဘူး”

ဒီနှစ်အတွက် တီဘီဘီစီသတ်မှတ်ထားတဲ့ အတိုင်း အိမ်မိုးဖက်မလုံလောက်တဲ့အကြောင်းရင်းမှာ
အုန်းဖြန်စခန်းမှာ အိမ်ခြေလေးရာကျော်မီးလောင်မှုခံရပြီး မီးဘေးဒုက္ခသည်တွေ အတွက် ပိုမိုဦးစား
ပေးရတဲ့အတွက် ဖြစ်တယ်လို့ တီဘီဘီစီကပြောပါတယ်။

အခုလို ဒုက္ခသည်တွေ စိုးရိမ်လာတဲ့အတွက် တီဘီဘီစီအနေနဲ့ ကုမ္ပဏီတခုနဲ့ ညှိုနှိုင်းပြီး ဒုက္ခသည်
တွေအတွက် အိမ်မိုး ဖက်တွေကို အဲ့ဒီ ကုမ္ပဏီက ဆက်လက်စီစဉ်မှာဖြစ်တယ်လို့ တီဘီဘီစီတာဝန်ရှိ
သူ တယောက်ကပြောပါတယ်။

ဒီထက်မက စခန်းမှာရှိတဲ့ livelihood အဖွဲ့က အိမ်မိုးဖက် အရောင်းအဝယ်လုပ်တဲ့ ဒုက္ခသည်တွေနဲ့
ဆက်သွယ်ဝယ်ယူပေးဖို့နဲ့ စခန်းကော်မတီတွေလည်း ဝိုင်းကူရှာပေးပြောကြားထားတယ်လို့ သူဆက်
ပြောပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ