Friday, March 23, 2012

ထိုင်းနိုင်ငံလုံး လူငယ် ငြိမ်ချမ်းရေးသင်တန်းမှာ စခန်းကလူငယ်နှစ်ယောက် တက်ရောက်

လာမယ့် ဧပြီလမှာ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေး လေ့လာမှု အဖွဲ့မှ ပြုလုပ်မယ့်ငြိမ်းချမ်းရေးသင်
တန်းကို ထိုင်းနိုင်ငံ ပြည်နယ်တချို့မှ လူငယ်တွေအပါအဝင် အုန်းဖြန်ဒုက္ခသည်စခန်းက လူငယ်
နှစ်ယောက်လည်း ဒုက္ခသည်လူငယ် ကိုယ်စားပြုပြီး သင်တန်း သွားရမှာဖြစ်ပါတယ်။

အုန်းဖြန်စခန်းက သင်တန်းခွင့်ရတဲ့ လူငယ်နှစ်ယောက်မှာတော့ စောလွဲကပြူစိုးနဲ့ နောနေသော
ဖောဖြစ်ပြီး ကရင်ကျောင်းသား ကွန်ယက်အဖွဲ့ ကိုယ်စားပြုဖြစ်ပါတယ်။

ဒီသင်တန်းမှာ ဧပြီးလတစ်လအတွင်းပြုလုပ်မှာဖြစ်ပြီး ထိုင်းနိုင်ငံ ပြည်နယ်ငါးခုဖြစ်တဲ့ ဖတ်တိုက်
(တောင်ပိုင်းဒေသ)၊ ချင်းမိုင်၊ ချင်းရိုင်း၊ အိစံ (အရှေ့မြောက်ပိုင်းဒေသ) နဲ့ ဒုက္ခသည်က စုစုပေါင်း
လူငယ်လေးဆယ်ငါးယောက်ကို ငြိမ်းချမ်းရေးနဲ့ပဋိပက္ခအကြောင်းကိုသင်တန်းမှာဆွေးနွေးသွား
မှာ ဖြစ်တယ်လို့ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေး လေ့လာမှု အဖွဲ့က တာဝန်ရှိသူ ဖောဖိမူးကအခု
လိုပြောပါတယ်။

“ဒီသင်တန်းက ငြိမ်းချမ်းရေးသင်တန်း လို့ခေါ်တယ် လူငယ်တွေက ပဋိပက္ခ၊ လူ့အခွင့်အရေးချိုး
ဖောက်မှု နဲ့ ငြိမ်းချမ်းရေး အကြောင်း တွေကို လေ့လာနိုင်ဖို့ဖြစ်တယ်။ ဒီထက်မကလူ့အခွင့်အရေး
နဲ့ ကလေးအခွင့်အရေးအကြောင်းတွေလည်း ပါဝင်ပါတယ်။”

သင်တန်းကို ကန်ချနဘူရီး မြို့ တနေရာမှာ ပြုလုပ်မှာဖြစ်ပြီး သင်တန်းတက်ရောက်ဖို့ပညာအရင်
အချင်းသတ်မှတ်တာ မျိုးမရှိပေမယ့် ထိုင်းဘာသာစကားကောင်းကောင်းကျွမ်းဝင်တဲ့ အသက်၁၆
နှစ်မှ ၂၀နှစ်အထိ လူငယ်တွေကိုသာ ခေါ်ယူတာဖြစ်ပြီးအဖွဲ့အစည်းကိုယ်စားပြုတဲ့လူငယ်တွေဖြစ်
ရပါမယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ