Monday, April 2, 2012

ဂျပန်အစိုးရက ဒုက္ခသည်ခေါ်ယူဖို့ စခန်းတိုးခေါ်မယ်

ဂျပန်အစိုးရက မူလက မယ်လ စခန်းက ဒုက္ခသည်တွေကိုသာ ခေါ်ယူသွားဖို့ စီစဉ်ထားပေးမယ့် အခု
အခါ အုန်းဖြန်နဲ့ နို့ဖိုး စခန်းက ဒုက္ခသည်တွေကိုပါ လက်ခံသွားမှာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ လက်ရှိ မြန်မာဒုက္ခသည် ခေါ်ယူနေရာ ချထားရေး အစီအစဉ် သက်တမ်း ကုန်ဆုံးတော့
မှာ ဖြစ်ပေမယ့် သတ်မှတ် ထားတဲ့ ဒုက္ခသည် အရေအတွက် မပြည့်တဲ့အတွက် နောက်ထပ် ဒုက္ခ
သည် စခန်းနှစ်ခုကပါ တိုးချဲ့ခေါ်ယူမှာဖြစ်ပါတယ်။

၂၂၀၁၀ ခုနှစ်က စတင်ခဲ့တဲ့ ဂျပန်အစိုးရရဲ့ မြန်
မာဒုက္ခသည် လက်ခံ နေရာချထားရေး အစီ
အစဉ်မှာသတ်မှတ်ထားတဲ့ စည်းကမ်းများပြီး
ဒုက္ခသည်တွေ စိတ်ဝင်စားမှုနည်းလို့ နောက်
ထပ် စခန်း နှစ်ခုကို တိုးချဲ့လိုက်တာ ဖြစ်တယ်
လို့ နို့ဖိုးစခန်း အတွေးရေးမှူး စောသူလေဒို့စိုး
ကပြောပါတယ်။

“လာပြောထားတာတော့ ကြာပြီး ဒါပေမ့ယ် အ
ခုထိသူတို့က လာပြီးတော့ ဒုက္ခသည်တွေ
လက်ခံတာမျိုး စာရင်းကောက်တာမျိုးမရှိသေး
ဘူး ဒုက္ခသည်ရွေးတဲ့ ပုံစံကိုတော့ မယ်လနဲ့အုန်းဖြန်မှာကောက်တဲ့စနစ်လိုပဲ ရွေးသွားမယ်”

ဂျပန်နိုင်ငံကို လျောက်နိုင်တဲ့ဒုက္ခသည်တွေမှာ အိမ်ထောင်ရှိပြီး မိသာစုလေးယောက်ထက်မကျော်
တဲ့ဒုက္ခသည်တွေဖြစ်ရပြီး ဒုက္ခိတ မဖြစ်ရ၊ အသက်လေးဆယ်မကျော်ရ၊ လုပ်နိုင်ကိုင်နိုင်တဲ့ ဒုက္ခ
သည်တွေကိုသာ လက်ခံတာဖြစ်လို့ ဒုက္ခသည်တွေ အနေနဲ့ ဂျပန်နိုင်ငံကို စိတ်ဝင်စားသူနည်းတယ်
လို့ စခန်းကော်မတီတွေကပြောပါတယ်။

၂၀၁၀နှစ်ကစပြီး နောက်နှစ် မတ်လ ၃၁ ရက်မှာ ဒုက္ခသည်တွေလက်ခံခေါ်ယူဖို့ သတ်မှတ်ထားတဲ့
သက်တမ်းကုန်တော့မှာ့ ဖြစ်ပါတယ်။ အဲဒီအချိန် ၃ နှစ်အတွင်း တစ်နှစ်ကို လူ ၃၀ နှုန်းနဲ့ မြန်မာ
ဒုက္ခသည် ဦးရေ ၉၀ လက်ခံဖို့ သတ်မှတ်ထားတာပါ။

အခုထိ မယ်လစခန်းက ဒုက္ခသည် မိသားစု ၉ စု၊ လူဦးရေ စုစုပေါင်း ၄၅ ယောက်ကို ဂျပန်နိုင်ငံမှာ
နေရာချထားခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၂ ခုနှစ်အတွက် လျှောက်ထားသူက မိသားစု နှစ်စုသာ ရှိနေ
သေးပြီး၊ စုစုပေါင်း လူ ၁၀ယောက် ဖြစ်ပါတယ်။

ဂျပန်နိုင်ငံတွင် အခြေချတဲ့ ဒုက္ခသည်တွေကို ဂျပန်အစိုးရက ငွေကြေးနှင့်အတူ ဂျပန်ဘာသာစကား၊
စာပေ ယဉ်ကျေးမှုနဲ့ အသက်မွေး ၀မ်းကျောင်း အတတ်ပညာတို့ကို ၆လကြာ သင်ကြားရင်း ကူညီ
ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ