Sunday, April 15, 2012

ဦးဆောင်မှုနဲ့ စီမှန်ခန့်ခွဲမှု ကျောင်းကဲ့ ကျောင်းဆင်းပွဲကျင်းပနိုင်

ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းမှာရှိတဲ့ LMTC ကျောင်းက အခုလို့ တတိယ မြှောက်
အသုတ်အနေနဲ့ ကျောင်း ဆင်းပွဲ ကျင်းပ ပြီးစီး နိုင်ပြီး ဒီကျောင်းက လူငယ်တွေအတွက် အရေး
ကြီး သလို မျိုးဆက်သစ်ခေါင်းဆောင် တွေ မွေးဖွားပေးတာဖြစ်တယ်လို့ ကျောင်းအုပ်ကအခုလို
ပြောပါတယ်။

“ဒီကျောင်းရှိလာလို့ ကျနော်တို့ လူငယ်
တွေက ဦးစီးဦးဆောင်မှုအပိုင်မှာ လေ့
လာနိုင်တယ်။ ဒီကျောင်းအမည်ရဲ့ အဓိ
ပါယ်နဲ့အတူ ကျနော်တို့ သင်တဲ့ ဘာ
သာတွေကလည်းအရေးကြီးတယ်လေ။
ဦးဆောင်မှုနဲ့ စီမံခန့်ခွဲမှုအပိုင်းမှာရော၊
စီပွားရေးအပိုင်းမှာရော၊ အင်္ဂလိပ်ဘာ
သာစကားအပိုင်းမှာရော၊ ကွန်ပျူတာ
ဘာသာတွေပါ ပါဝင်တယ်လေ”


အခုလို သင်ယူမှုတွေခံရပြီး ကျောင်းပြီး သွားတဲ့ ကျောင်းသူကျောင်းသား သုံးဆယ်ယောက်အ
တွက် ကျောင်းပြီးပေမယ့် သူတို့ရဲ့ ပူးပေါင်းလုပ်ဆောင်မှုက မပြီးသေးတဲ့အကြောင်း ကျောင်း
အုပ် က ဆက်ပြောပါတယ်။

“အခုတတိယအသုတ်အနေနဲ့ ကျောင်းပြီးသွားတဲ့ ကျောင်းသူကျောင်းသားတွေက ကျောင်းသူ
ကျောင်းသားဟောင်းတွေနဲ့ ပြန်ဆက်သွယ်ဖို့ ရှိတယ် ပြီးတော့ သူတို့က ဦးဆောင်ပြီး ပြည်တွင်း
ပညာရေးမြင့်တင်ရေးအတွက် လုပ်ငန်းတွေလုပ်ဖို့ ရှိတယ်။ သူတို့က သူတွေကတော့ အဖွဲ့အ
စည်းက တိုက်ရိုက်လာတဲ့ သူတွေကတော့ သူတို့အဖွဲ့အစည်းကို ပြန်ကူကြမယ်ပေါ့”

ဒီကျောင်းအပြင် စခန်းမှာရှိတဲ့ အတန်းလွန်ကျောင်းတွေက နိုင်ငံတကာ အသိအမှတ်ပြုပေမယ့်
ပညာရေးအဆင့်က အတိုင်းအတာ တစ်ခုအနေနဲ့ နိုင်ငံတကာပညာရေးဆင့်မီတယ်လို့ စခန်း
ပညာရေးဆိုင်ရာ နော်တဘိရာက ယုံကြည်ပါတယ်။

“စခန်းမှာ ကျောင်းပြီးတဲ့ဒုက္ခသည် ကလေးတွေက နိုင်ငံတကာ ကျောင်းတွေမှာ သွားရင်လည်း
သူတို့ လိုက်နိုင်ပါတယ် တခုက ကျမတို့ မှာ ဘာအာမခံချက်မှမရှိလို့ပဲခက်တယ်။ ဟောင်
ကောင် ယူနီဗာစတီတို့၊ ထိုင်းမှာရှိတဲ့ ယူနီဗာစတီတွေက ကျမတို့ ကလေးတွေကို လက်ခံတယ်
ဒါပေမယ့် သူတို့က နိုင်ငံသား သက်သေခံကဒ်တွေလိုအပ်တယ်လေ”

ဒုက္ခသည်စခန်းတွေမှာ ကရင်ဒုက္ခသည်ပညာရေးကော်မတီမှ တည်ထောင်တဲ့ အထက်တန်းလွန်
ကျောင်း ၆ ကျောင်းရှိပြီး အခြားတည်ထောင်တဲ့ အထက်တန်းလွန်ကျောင်းတွေလည်းရှိပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ