Wednesday, May 9, 2012

မယ်လစခန်းမှာ သင်္ကြန်အတွင်း စည်းကမ်းတင်းကြပ်ပေမယ့် ရန်ပွဲဖြစ်

ထိုင်းမြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းမှာ ဒီနှစ် သင်္ကြန်အတွင်း စည်းကမ်းတင်းကြပ်ထားတဲ့
ကြားကနေ စခန်းက လူငယ် တွေအကြား ရန်ပွဲ တွေဖြစ်သွားတယ်လို့စခန်းလုံခြုံရေးတာဝန်ရှိသူ
စောစိုးထိုက်က ပြောပါတယ်။

ဒီလ ၁၄ရက်နေ့ သင်္ကြန်အကြက်
နေ့မှာ လူငယ်တစ်စုက အရက်မှုးပြီး
စကားများရာကနေဓါးနဲ့လိုက်ခုတ်
ကြတဲ့ အဆင့်ထိရောက်ပြီး တစ်
ယောက်က မေးစေ့မှာအခုတ်ခံရလို့
ဒဏ်ရာအပြင်းအထန်ရသွားတယ်
လို့ စောစိုးထိုက်က အခုလိုပြောပါ
တယ်။

“အဖြစ်အပျက်က အရက်မူးပြီး စကား
များကြတယ် ရန်ဖြစ်တယ် ဓါးနဲ့လိုက်
ခုတ်ကြတယ်။ အဲ့ဒီလူကိုခုတ်တဲ့ ညီအကိုနှစ်ကထွက်ပြေးသွားတယ်။ အခုထိ မမိသေးဘူး”

ဓါးနဲ့ ခုတ်ပြီး စခန်းအပြင် ထွက်ပြေးတိမ်းရှောင်ထားတဲ့ ညီအကိုနှစ်ယောက်ရဲ့မိဘတွေဟာတတိ
ယနိုင်ငံ မှာ အခြေချနေထိုင်ပြီး သူတို့နှစ်ယောက်သာစခန်းမှာ ကျန်နေတာ ဖြစ်ပါတယ်။

မေးကိုအခုတ်ခံရတဲ့ ဒဏ်ရာကြယ်တဲ့အတွက် နှစ်ထပ်ချုပ်ရပြီး အတွင်းမှာ ၈ချက်နဲ့ အပြင်မှာ ၁၄
ချက်ချုပ်လိုက်ရတယ်လို့ စခန်း ဆေးရုံဝန်ထမ်းတစ်ယောက်ကပြောပါတယ်။

သင်္ကြန်အတွင်းမှာပဲ မယ်လစခန်းအတွင်းမှာ လူငယ်အချင်းချင်းရန်ဖြစ် ဓါးနဲ့ခုတ်ကြတဲ့အဆင့်ထိ
မက စခန်းလုံခြုံရေးတွေကို လူငယ်တွေက ဓါးနဲ့လိုက်ခုတ်တဲ့ အထိ ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီလိုပဲ
စခန်းအနီးအနားကရွာတွေမှာ သင်္ကြန်လည်တဲ့ လူငယ်ဒုက္ခသည်တချို့ကဒေသခံတွေနဲ့ ပြဿနာ
တက်ခဲ့သေးတယ်လို့သတင်းရပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ