ညီထောင့်ပံ့ရေး အဖွဲ့ ) က အဖွဲ့ ရဲ့ လုပ်ငန်းတခုဖြစ်တဲ့ ကိုယ်ထူကိုယ်ထလုပ်ငန်းကို စခန်းတိုးချဲ့
ကူညီဖို့ရှိတယ်လို့ တီဘီဘီစီအရာရှိ ဆရာမိုင်းလ် ကပြောပါ တယ်။

ကိုယ်ထူကိုယ်ထ အလုပ်လုပ်နိုင်ဖို့
ရင်းနှီးငွေ ထုတ်ပေးတာ ဖြစ်ပါတယ်။
အထူးသဖြင့်တော့ စခန်းမှာရှိတဲ့ မု
ဆိုးမနဲ့ မသန်မစွန်းတဲ့ ဒုက္ခသည်
တွေကိုသာ ဦး စားပေး ထောင့်ပံ့ပေး
မှာ ဖြစ်ပြီး ကိုယ်ပိုင်အလုပ်ရှိတဲ့
ဒုက္ခသည်တွေကိုတော့ထောင့်ပံ့မှု
ပေးမှာမဟုတ်ဘူးလို့ တီဘီဘီစီက
ပြောပါတယ်။
ဒီလုပ်ငန်းကို မယ်လာအူး၊ မယ်ရာမိုနဲ့ ထမ်းဟင်စခန်းတို့မှာ လုပ်ဆောင်ခဲ့ပြီး အခုအခါ ဘန့်ဒို
ယားစခန်းမှာ တိုးချဲ့ လုပ်ဆောင်သွားမယ်လို့ မိုင်းလ် ဆက်ပြောပါတယ်။
“အခုလောလောဆယ်မှာ ကျနော်တို့ အစမ်းသဘောနဲ့ စခန်းသုံးခုပဲ ကူညီနေတာဖြစ်တယ်။
နောက်နှောင်မှာ စခန်းအသစ်တခုထပ်ကူညီဖို့ ရှိတယ်။ ကူညီမယ့်စခန်းက ဘန်းဒိုယားစခန်းဖြစ်
ဖို့များတယ် ဘာဖြစ်လဲဆိုတော့ တခြားစခန်းတွေက ကိုယ်ထူကိုယ်ထ အစီအစဉ်နဲ့ တခြားအဖွဲ့
တွေက ဝင်တာရှီတယ်လေ”
ထောက်ပံ့မှု ရယူလိုတဲ့ ဒုက္ခသည်တွေက ငွေစာရင်းနဲ့ပတ်သက်တဲ့ရက်တိုသင်တန်းတက်ရမှာဖြစ်
ပြီး သင်တန်းအပြီးမှာ လုပ်ချင်တဲ့ အလုပ်ကို သူတို့ဆီတင်ပြရမှာဖြစ်ပြီး တီဘီဘီစီအနေနဲ့ ကူညီ
သင့်တယ်လို့ ဆုံးဖြတ်ရင် ဘတ်ငွေ ၂၅၀၀ အရင်းထုတ်ပေးသွားမှာ ဖြစ်ပါတယ်။
ထောင့်ပံ့မူပေးဖို့ စခန်းတခုမှာ လူဦးရည်သတ်မှတ်တာမျိုးမရှိပေမယ့် ဒီလုပ်ငန်းက ၂၀၁၀စပြီး
စခန်းသုံးခုမှာ ဒုက္ခသည် ၅၅၂ ဦးကိုကူညီထောက်ပံ့ခဲ့ပြီး ငွေလက်ခံတဲ့ဒုက္ခသည်တွေက မွေးမြူ
ရေးနဲ့ ဈေးဆိုင် အသေးစားဖွင့်တယ်လို့ သူဆက်ပြောပါတယ်။
No comments:
Post a Comment