အခုလိုမိုးအကူးမှာ ဝတ်စုံလေးနဲ့ ကျောင်းသားတွေ လမ်းပေါ်မှာ ပျော်ပျော်ပါးပါးကျောင်းအသွား
ကျောင်းအပြန် ကျောင်းရှိ တဲ့နေရာတိုင်းမှာ မြင်တွေ့ရမှာပါ။
ထိုင်းမြန်မာနယ်စပ် မဲဆောက်တောင်ပိုင်းမှားရှိတဲ့ အုန်းဖြန်စခန်းက အသက်၁၀နှစ်အရွယ်ကျောင်း
သူလေး နော်ဖောတာ ဆူကတော့ ဒီလိုကျောင်းတက်နိုင်ဖို့ မိဘ ညီအကိုမော်နှတွေနဲ့ ခွဲ့ပြီးကျောင်း
လာတက်ရတယ်လို့ပြောပါတယ်။
“ကျမကိုယ်တိုင်ပဲ ကျောင်းအရမ်းတက်ချင်တယ်။ ဒီဘက်ကို လာဖို့ ဦးလေးတစ်ယောက်နဲ့တွေပြီးအ
မေကို အမေရေ သမီး ကျောင်း သွားတက်ချင်တယ်လို့ ထပ်ခါထပ်ခါခွင့် တောင်းတော့အမေခွင့်ပြု
လိုက်တာ”
ကျောင်းဆရာနဲ့ ဘာသာရေးအလုပ်ကို စိတ်ဝင်စားတဲ့ နော်ဖောတာဆူက အခုလို ကျောင်းတက်ခွင့်
ရတဲ့အတွက် သူ့အ နေနဲ့ အရမ်းပျော်မိပြီး တချိန်ကျရင် သူမိဘဆီပြန်ပြီး သူမစိတ်ဝင်စားတဲ့အလုပ်
ကို လုပ်နိုင်မယ်လို့ သူမမျှော်လင့်ပါတယ်။
“ဒီမှာ ကျမကျောင်းလာတက်တာ တချိန်ကရင် ကျောင်းဆရာမဖြစ်အောင်ကြိုးစားမယ် မဟုတ်ရင်
ဘာသာရေးအလုပ် လုပ်မယ်။ ပြီးရင် ကျမ အဖေအမေတွေဆီသွားပြီး ဒီအလုပ်တွေပြန်လုပ်မယ်”
ကရင်ပြည်နယ်အတွင်း ထိုင်းနယ်စပ်နဲ့နီးတဲ့ တောင်တန်းဒေသမှာ နေထိုင်တဲ့သူတွေ စားဝတ်နေ
ရေးအခက်အခဲနဲ့ တချိန်က စစ်ပွဲတွေကြောင့် အခုချိန်အထိအဲ့ဒီဒေသတွေမှာ ကျောင်းအလုံအ
လောက်မရှိတဲ့အပြင် ကလေးငယ်တွေကအရွယ် မရောက်သေးပဲ ဝမ်းစာအတွက် မိဘတွေကူညီနေ
ရတယ်လို့ ဒေသခံကျောင်းဆရာတစ်ယောက်က အခုလိုပြောပါ တယ်။
“မိဘတွေက ဘာစီပွားရေးမှမရှိတော့ ကိုယ့်ကလေးကို ကျောင်းမထားနိုင်ဘူး မီးဖိုချောင်ပစ္စည်းဖြစ်
တဲ့ဆား၊ ဆီ၊ အချိမုန်တွေ တောမှာ အသွားအပြန်ရှစ်ရက်ခရီး သွားဝယ်စားရတာ။ အဲ့လိုအခက်အခဲ
ရှိတော့ သူတို့ကလေးတွေကို အိမ်မှာညီငယ်ညီမငယ်တွေကို ထိမ်းခိုင်းပြီး သူတို့ကတောအဆင်ပြေ
သလို ဝမ်းစားရှာစားနေရတာပေါ့”
အခုလို ပြည်တွင်းမှာ ပညာရေးနဲ့ တခြားအခက်အခဲတွေရှိလို့ ပညာရေးဒုက္ခသည်အနေနဲ့ ထိုင်းနယ်
စပ်ဒုက္ခသည်စခန်း က ဘော်ဒါဆောင်နဲ့ အသိဆွေမျိုးတွေဆီမှာ လာနေပြီး ကျောင်းလာတက်တဲ့
ကလေးလူငယ်တွေက ရာခိုင်နုန်းသုံးဆယ်ကျော် လောက်ရှိမယ်လို့ ခန်မှန်းရပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment