Wednesday, May 9, 2012
အုန်းဖြန်စခန်းက အလှမယ်ရွေးပွဲနဲ့ မြန်မာနှစ်သစ်ကူးကြိုဆို
တင်ပေး
KSNG
ထိုင်းမြန်မာနယ်စပ် အုန်းဖြန်ဒုက္ခသည်စခန်းမှာ မိန်းကလေးတွေမှာ ကိုယ်စီပိုင်ဆိုင်ထားတဲ့ အ
လှတရားတွေ ကို တန်ဖိုးထားတတ်ဖို့ရည်ရွယ်ပြီး မြန်မာနှစ် ၁၃၇၄နှစ် အကူးကိုအလှမယ်ရွေးပွဲ
နဲ့ ကျင်းပ ကြိုဆိုလိုက် ကြတယ်လို့ အုန်းဖြန်စခန်းမှာ ရှိတဲ့ စောဖိုးတိုးလိုးက ပြောပါတယ်။
ဒီလ ၁၇ရက်နေ့မှာ စခန်းကော်မတီ
တွေနဲ့ အခြေခံလူမှုအဖွဲ့အစည်း
ခြောက်ခုပူးပေါင်းပြီး စခန်းမှာရှိတဲ့
ရပ်ကွက်တခုမှာ တစ်ယောက်စီဝင်
ရောက် ယှဉ်ပြိုင်နိုင်ကာ အလှမယ်
၁၆ယောက်ဝင်ရောက်ယှဉ်ပြိုင်သွား
တယ်လို့ ဖိုးတိုးလိုးက အခုလိုပြော
ပါတယ်။
“စခန်းကော်မီတီက စီစဉ်တယ်။ ပြီးတော့ ရပ်ကွက်ကိုယ်စားပြုတဲ့ အလှမယ် ၁၆ ယောက်လာ
ပြိုင်ကြတယ်။ သူတို့ရဲ့ရည်ရွယ်ချက်က အမျိုးသမီတွေမှာ တန်ဖိုးဖြတ်မရတဲ့ အလှတရားတွေကို
ကိုယ်စီပိုင်ဆိုင်ထား တာဖြစ်တယ်။ အဲ့ဒီအလှတရားတွေကို တန်ဖိုးထားတတ်ဖို့ နိုးဆော်တာဖြစ်
တယ်”
ဒီအလှမယ်ပြိုင်ပွဲမှာ အနိုင်ရတဲ့သူတွေက ရပ်ကွက်၁၅ကိုယ်စားပြု နော်သန်းငွေပွင့်၊ ရပ်ကွက်၁၀
နော်နန်းအိရွေစင်။ ကရင်လူငယ် အစည်းအရုံးအဖွဲ့ကိုယ်စား နော်ဆန်းဆန်းနွယ် တို့ဖြစ်ပါတယ်။
အခုလို ဒီအချိန်မှာ အလှမယ်ရွေးပွဲကျင်းပတာ အစဉ်အလာတခုအနေနဲ့ သုံးနှစ်ပြည့်သွားပြီးဒီရည်
ရွယ်ချက်တခုနဲ့ မြန်မာနှစ်သစ်ကူးကို ကြိုဆိုကြတာဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment