ကရင်အမျိုးသားအစည်း အရုံး-KNU နဲ့ အစိုးရတို့ နှစ်ဖက် ငြိမ်းချမ်းရေးသဘော တူညီချက်တွေကို
ပြန်လည်ဆွေးနွေး တဲ့အနေနဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ တနေရာမှာ ဒီလ ၂၆ရက်နေ့က လာရောက်
တွေ့ဆုံကြပါတယ်။ဆွေးနွေးပွဲမှာ KNU ဘက်မှ အထွေထွေ
အတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်
တဲ့ အဖွဲ့ဝင် ၆ယောက်နဲ့ အစိုးရဘက်မှ
ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စား
လှယ် အဖွဲ့ဝင် ၉ယောက်တို့ တွေ့ဆုံ
ဆွေးနွေးကြပြီး ပြည်တွင်းမှာ ဖွင့် လှစ်
ထားတဲ့ KNU ရုံးများကိစ္စနဲ့ လက်ရှိ ပြည်
သူလူထုများက တောင်းဆိုထားတဲ့ မြေ
ယာသိမ်းဆည်းမှု ကိစ္စတွေ ကို သုံးသပ်
ဆွေးနွေးကြတယ်လို့ နော်စီဖိုးရာစိန်က
ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မီးရထားဝန်ကြီး ဦးအောင်မင်းက KNU ဒေသတွေမှာ လူထုတွေ အခက်အခဲ
တစုံတရာ ဖြစ်လာပါက ဆက်ဆံရေးရုံးကနေတဆင့် သွားတိုင်နိုင်ပြီး ဆက်ဆံရေးရုံးမှာ ဆွေးနွေး
ရမယ်လို့ ပြောသွားပါတယ်။
ဆွေးနွေးပွဲမှာ တိကျတဲ့ဆုံးဖြတ်ချက် မရှိတဲ့အပြင် နောက်တွေ့ဆုံကြမယ့် သတ်မှတ်ရက် မရှိတဲ့အ
ကြောင်း KNU ကသတင်းသမားတွေကို ပြောပေမယ့် ဆွေးနွေးပွဲကြောင့် KNU နဲ့ မြန်မာအစိုးရအ
ကြား ဆက်ဆံရေး ခိုင်မာလာစေမယ် လို့ နော်စီဖိုးရာစိန်က ပြောပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment