ထိုင်းနိုင်ငံ မဲဟောင်ဆောင်ခရိုင်နဲ့ ထိဆပ်တဲ့ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အီတိုးထာ့ ပြည်တွင်း
ဒုက္ခသည် စခန်းမှ အသက် (၄၈)နှစ်အရွယ် စောကရီးမူးဆိုသူက မြန်မာအစိုးရတပ် ကန့်သတ်နယ်
မြေအထဲမှာ ပစ်သတ် ခြင်းခံခဲ့ရတယ်လို့ အီတိုးထာ့ဒေသခံတွေက ပြောပါတယ်။အီတိုးထာ့၏ မြောက်ဘက် တောထဲ
သို့ အင်ဥ(မှို) သွားရှာစားနေစဉ် အဲ့ဒီ
အနီးအနားက မြန်မာအစိုးရတပ် ကန့်
သတ်နယ်မြေ တပ်စခန်းနဲ့ ကိုက်တ
ရာ ကျော်(ဘောလုံးကွင်းတကွင်းစာ)
လောက်ရှိတဲ့ အကွာမှာ ဇွန်လ (၁၃)
ရက်နေ့က ပစ်သတ်ခံရတာဖြစ်ပါ
တယ်။
အစိုးရတပ်က စောကရီးမူးကို အဝေး
ကနေ ပစ်ထိပြီးမှ အနီးကပ် လာပစ်
တဲ့ပုံစံအဖြစ်နဲ့ သေဆုံးသူ ဘယ်
ဘက်မျက်လုံးတဖက် ဖောက်သွား
တယ်လို့ စခန်းထောက်ပံ့ကူညီတဲ့အဖွဲ့က အလောင်းကို မျက်မြင်တွေ့ခဲ့တဲ့စော မောလောကပြော
ပါတယ်။
အီတိုးထာ့စခန်း လုံခြုံရေးတာဝန်ရှိသူတွေက ပစ်သတ်ခံရသူ စောကရီးမူးရဲ့ ရုပ်အလောင်းကို ဇွန်
လ ၁၄ရက်နေ့ မှာ ရှာတွေ့ပြီး ယင်းပစ်သတ်ခံရတဲ့နေရာမှာပဲ မြေမြှုပ်သင်္ဂြိုလ်လိုက်ပါတယ်။
စောကရီးမူးမှာ သူ့ဇနီးအပါအဝင် မိသားစုဝင် ၇ဦးကျန်ရစ်သွားပါတယ်လို့ သိရပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment