Thursday, July 5, 2012

မယ်တော်ဆေးခန်းမှ ကလေးထောင့်ပံ့ရေး ဘတ်ဂျက် အရေးပေါ်လိုအပ်

ထိုင်းနိုင်ငံ မဲဆောက်မြို့က ဒေါက်တာ စင်သီယာမောင် ဦးဆောင်တဲ့ မယ်တော် ဆေးခန်းမှ စောင့်
ရှောက်ထားတဲ့ ကလေး ၃၀၀၀ အတွက် အရေးပေါ် ထောက်ပံ့ရေး အကူအညီတွေ လိုအပ်နေပါ
တယ်လို့ မယ်တော်ဆေးခန်းက ထုတ်ပြန်ထားပါတယ်။
အရေးပေါ်လိုအပ်တဲ့ အကူအညီမှာ မဲဆောက်မြို့နယ် အနီးဝန်းကျင်မှာ အိုး
အိမ်အခြေတကျမရှိတဲ့ ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်တွေရဲ့ ကလေးငယ်
တွေအတွက် ဖြစ်ပြီး ထောက်ပံ့မှု မရပါက လာမယ့်အပတ်မှစပြီး ယင်း ကလေး
ငယ်တွေအတွက် ရိက္ခာခြောက် ထောက် ပံ့ပေးနေတဲ့ အစီအစဉ်ကိုရပ်ဆိုင်းရ
တော့မယ်လို့ ထုတ်ပြန် ထားပါတယ်။

ကလေးငယ် တဦး အတွက် ရိက္ခာခြောက် ထောက်ပံ့ငွေ တလမှာ ဘတ်ငွေ ၃၀၀(၁၀ ဒေါ်လာခန့်)
ကုန်ကျပြီး ထောက်ပံ့ကြေးတွေ မရရှိပါက နေ ရပ်သို့ ပြန်ရမှာဖြစ်သလို ၎င်းတို့ရဲ့ပညာသင်ကြားခွင့်
အခက်အခဲတွေကို လည်း ရင်ဆိုင်ရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မယ်တော်ဆေးခန်းကို ကူညီထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေက အမေရိကန် အစိုးရရဲ့ USAID
နဲ့ နော်ဝေ၊ နယ်သာလန်၊ ကနေဒါ၊ အီတလီ စတဲ့နိုင်ငံတွေ ပါဝင်တယ်လို့ သိရပါတယ်။

မယ်တော် ဆေးခန်းကို ဒေါက်တာ စင်သီယာမောင်က ၁၉၈၉ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပြီး
မြန်မာပြည်တွင်း နဲ့ ထိုင်း နိုင်ငံ ရှိ မြန်မာ ပြည်သားတွေကို အခမဲ့ ဆေးကုသပေးနေပြီး နှစ်စဉ်
လူနာ ၁၃၀၀၀၀ ခန့် ရှိသလို အိုးအိမ် အတည်တကျမရှိတဲ့ ပြည်တွင်းဒုက္ခသည်တွေရဲ့ ကလေးငယ်
တွေကိုလည်း ကူညီထောက်ပံ့ပါတယ်လို့ သိရပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ