ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းအပါအဝင် ပြည်တွင်းက အနာဂတ်ပညာရေး အဆင့်မြင့်တင်
ပေးနိုင်ဖို့ ကျောင်းဆရာတွေမှာ အဓိကကျတဲ့အတွက် ထိုင်းနိုင်ငံမဲဆောက်မြို့မှာ TPC (Teacher
preparation center) လို့အမည်ခံ တဲ့ ဒုတိယအကြိမ် မြှောက် သင်တန်းဖွင့်ပွဲ ကျင်းပသွား
ပါတယ်လို့ ကျောင်းအုပ် စောအယ်ခူက ပြောပါတယ်။“ပညာရေးအပိုင်းမှာ ကျနော်တို့မြင်တင်ပေးဖို့က ကျောင်းဆရာတွေမှာ အဆင်
့မြင့်တဲ့အရည်အချင်းတွေလည်း လိုအပ်တယ် လေး ဒါကြောင့်ကျနော်တို့ တတ်
နိုင်သလောက်လုပ်မယ်”
ဒီနှစ် TPC ကျောင်းဟာ ကျောင်းသူ၄၆ယောက်နဲ့ ကျောင်းသား ၂၆ယောက်
စုစုပေါင်း ၇၂ယောက်နဲ့ ဒီလ ဇွန်လ ၈ရက်နေ့ မှာ ကျောင်းဖွင့်ပွဲကျင်းပနိုင်ပြီး
အဲ့ဒီအထဲက ကျောင်းသူ နော်ထူးထူးကတော့ ကရင်ပြည်နယ် အထဲမှာရှိတဲ့ကလေးတွေကို ပိုစိတ်ဝင်
စားပြီး အဲ့ဒီနေရာတွေမှာ စာပြန်ပို့ချဖို့ရှိတယ်လို့ ကျောင်း ဆင်းပွဲမှာ ပြောသွားပါတယ်။
“ကျမရွာက ကလေးတွေကို စားပြန်သင်ပေးချင်တယ် ဘာဖြစ်လဲဆိုတော့ အခုမှာ ပြည်တွင်းမှာ ဆိ
ကျောင်းဆရာဆရာမ တွေအရမ်းလိုအပ်တယ် အဲ့ဒီနေရာမှာ ကျောင်းဆရာလုပ်ဖို့ စိတ်ဝင်စားမယ့်
သူမရှိဘူးလေး ဒုက္ခသည်တွေက လူငယ်တွေ ဆိုရင် ကျောင်းပြီးတာနဲ့ တတိယနိုင်ငံထွက်လိုက်ပြီး
တော့ ငွေကြေးထောက်ပံ့မှုအပြည့်အစုံမရဘူးတဲ့ ကျမကတော့ အဲ့လိုမျိုး သဘောမထားဘူး”
ဒီသင်တန်းမှာ ကျောင်း ဆရာတစ်ယောက်မှာရှိသင့်တဲ့အရည်အချင်း၊ နဲ့ ဘာသာရပ်ဆိုင်ရာ သင်
ကြား ပေးနိုင်ဖို့အတတ်တွေ သင်ကြားပေး မှာဖြစ်ပြီး ကျောင်းသူကျောင်းသားအရည်အချင်းကို အ
ဓိကထား ရွေးချယ်တာ မဟုတ်ပဲ ဆယ်တန်းအောင်ပြီး ကျောင်း ဆရာအလုပ် ကို စိတ်ဝင်စားတဲ့
ကျောင်းသူကျောင်းသားတွေပဲ ဦးစားပေး တာဖြစ်ပါ တယ်လို ကျောင်းအုပ်က အခုလိုပြောပါတယ်။
“လူများတွေကပြောကြပါတယ် ကျောင်းဆရာအလုပ်ဆိုတာ ပိုက်ဆံမရဘူး ဘာမှတော့မဖြစ်ပါဘူး
ဒါပေမယ့် ဒီလိုတော့ဖြစ် စေချင်ဘူး ကျောင်းဆရာအလုပ်ဟာ အရမ်းမွန်မြတ်တဲ့အလုပ်ဖြစ်တယ်
ပြီးတော့ တချို့ပြောတယ် နှမ်းတစေ့နဲ့ ဆီမဖြစ်လာဘူး၊ ကျနော်ပြန်ပြောချင်တယ် ကျောက်ခဲတစ်
တုံးနဲ့ရောဆီဖြစ်မလား”
အခုလို ကျောင်းဆရာ အတတ်ပညာသင်ပေးတဲ့ကျောင်းရှိလာတာဖြစ်လို့ ထိုင်းမြန်မာနယ်စပ် ဒုက္ခ
သည်စခန်းတွေမှာ အပါဝင် ပြည်တွင်းက ကျောင်းဆရာရှားပါးမှု ပြဿနာတွေကိုလည်း တဖြေး
ဖြေးနဲ့ ဖြေရှင်းသွားနိုင်လိမ့်မယ်လို့ မျှော်လင့်ရကြောင်း ပြောသွားပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment