ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်တွေအတွက် နေရာပြန်လည်ချထားရေးအစီအစဉ်နဲ့ပတ်သက်ပြီး
အချက်အလက်မှား တွေမရဖို့ နဲ့ မှန်ကန်တဲ့အချက်အလက်တွေရရှိနိုင်ဖို့ ကရင်ဒုက္ခသည်စခန်းကော်
မီတီတွေစုပြီး ရက်တိုသင်တန်း (workshop)တစ်ခု ပြုလုပ်သွားပါတယ်။ဒီလ ၅ရက်နေ့မှ ၇ရက်နေ့အထိ မယ်လစ
ခန်းက ပြုလုပ်သွားတဲ့ ရက်တိုသင်တန်းမှာ
ကရင်ဒုက္ခသည်စခန်း ၇ခုက ကိုယ်စား
လှယ် တွေစုပြီး ဒုက္ခသည်တွေ နေရပ်ပြန်
ရေးနဲ့ ပတ်သက်လို့ မပြန်ခင်ကြိုတင်ပြင်
ဆင်ခြင်း၊နေရာပြန်လည်ချထားခြင်း၊ပြည်
တွင်းမှာ အခြေချ နေထိုင်ခြင်း အချက်အ
လက်တွေကို ဆွေးနွေးသွားတယ်လို့ မယ်
လစခန်းဥက္ကဌစေားထွန်းထွန်းကပြော ပါ
တယ်။
“အခုအခြေအနေအရဆိုရင် ကျနော်တို့ပြန်
ဖို့ မလွယ်သေးဘူး ဒါပေမယ့် ကျနော်တို့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုပြင် ဆင် ထား ရမလဲ၊ တ
ကယ်ပြန်သွားရင် ဘာအက်အခဲနဲ့ တွေ့ကြုံရမလဲ ဘယ်လို့ကာကွယ်ရမလဲ၊ ပြီးတော့ ဒီကိစ္စနဲ့ပတ်
သက်ပြီး ဒုက္ခသည်တွေအတွက် စိတ်အနှောက်အယှက်မဖြစ်စေဖို့ ကျနော်တို့ဆွေးနွေးသွားတယ်”
ဆက်လက်ပြီးဒုက္ခသည်တွေအတွက် စိတ်အနှောက်အယှက်မဖြစ်ဖို့ နေရာပြန်လည်ချထားရေးအစီ
အစဉ်မှာ ကော်မီတီ အသစ်တခုတည်ထောင်မှာဖြစ်ပြီး ဒုက္ခသည်တွေကို တိကျမှန်ကန်တဲ့သတင်း
အချက်အလက်တွေ ပိုမိုပေးနိုင်ဖို့ ဒုက္ခသည် သတင်း ဌာနတခုတည်ထောင်ဖို့ရှိတယ်လို့ ဥက္ကဌက
ဆက်ပြောပါတယ်။
“ဒုက္ခသည်တွေအတွက် သတင်းအချက်အလက်တွေလုံလုံလောက်ရရှိပြီး စိတ်နှောက်မှုနည်းလာဖို့
ပြီးတော့ နေရပ်ရင်းပြန်ဖို့ အဆင်သင့်ပြင်ဆင်နိုင်ဖို့ ကျနော်တို့က နောက်တခေါက် သင်တန်းမှာ
ကော်မတီ တခုတည်ထောင်မယ်ပြီးတော့ သတင်း ဌာနတခုတည်ထောင်မယ်”
ဒီworkshop သင်တန်းမှာ ကရင်ဒုက္ခသည်စခန်းဖြစ်တဲ့နို့ဖိုး၊ အုန်းဖြန်၊ မယ်လ၊ မယ်လအူး၊ မယ်ရာ
မို၊ ထားမ်ဟေ့နဲ့ဘာဒိုယား စခန်းကော်မတီတွေပါဝင်ဆွေးနွေးပြီး ကရင်နီစခန်းနှစ်ခုက ကော်မတီ
တွေနဲ့ စခန်းကိုးခုဆိုင်ရာ ထိုင်းအရာရှိ လည်းတက် ရောက်လေ့လာသွားတယ်လို့သူဆက်ပြောပါ
တယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment