Tuesday, July 3, 2012

ထိုင်း-မြန်မာနိုင်စပ် ဒုက္ခသည် စခန်းအသီးသီးမှာ (အကြပ်အတည်း) ဆိုတဲ့ဆောင်ပုဒ်နဲ့ ဒုက္ခသည် နေ့ အခန်းအနားကျင်းပ

ဇွန်လ၂၀ရက်နေ့မှာ ကျရောက်တဲ့ ဒုက္ခသည်များနေ့မှာ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းက စ
ခန်းအသီးသီးမှာ Dilemma (အကြပ်အတည်း) ဆိုတဲ့ဆောင်ပုဒ်နဲ့ အခန်းအနားတွေကျင်းပပြီး မယ်
လစခန်းမှာတော့ ဒုက္ခသည်၅၀၀၀လောက် ပါဝင်ဆင်နွဲ့သွားတယ်လို့ မယ်လစခန်းဥက္ကဌ စောထွန်း
ထွန်းက ပြောပါတယ်။
စခန်းမှာနေထိုင်ကြတဲ့ ဒုက္ခသည်တွေအ
နေနဲ့ လက်ရှိမြန်မာနိုင်ငံ ပြောင်းလဲ လာ
မှုအပေါ်ဘယ်သွားဘယ်လာရ မယ်ကို မ
သိပဲ အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်နေရ
လို့ UNHCR ကမ္ဘာ့ ဒုက္ခသည်များဆိုင်ရာ
မဟာမင်းကြီးရုံး က အကြပ်အတည်း
ဆောင်ပုဒ်နဲ့ ဒုက္ခသည်များနေ့ကို အခန်း
အနားကျင်းပပေးဖို့ ညွန်ကြားထားတာ
ဖြစ်ပါတယ်။

မယ်လစခန်းက အခန်းအနားကျင်းပရာ
မှာထိုင်းနိုင်ငံအခြေစိုက် ကုလသမဂ္ဂ မ
ဟာမင်းကြီးရုံး တာဝန်ရှိသူတွေ၊ ဒုက္ခသည်တွေကို ကူညီထောက်ပံ့နေ့တဲ့ အစိုးရမဟုတ်သော အ
ဖွဲ့အစည်းတွေအပါအဝင် ကမ္ဘာ့ဖလားဘောလုံးပွဲမှာ ကစားဖူးတဲ့ ဂျပန်နိုင်ငံက ဘောလုံးသမား မစ်
စတာမာရိုရာမာနဲ့ စခန်းကော်မတီတွေလည်း မိန့်ခွန်းပြောကြားသွားပါတယ်။

ဒုက္ခသည်များနေ့ကို ရည်ရွယ်ပြီး ထုတ်တဲ့ ကရင်အမျိုးသမီအစည်းအရုံးရဲ့ ကြေညာချက်မှာတော့
“ဒုက္ခသည်တစ်ယောက် ဖြစ်ပေမယ့် ဒုက္ခသည်တွေရဲ့အသံကိုနားလည်ဖို့ ဘယ်နေရာဘယ်ဒေသမ
ဆို ဒုက္ခသည်အကြောင်းကိုဆွေးနွေး ပြောဆိုရာမှာ ဒုက္ခတွေကို ဖိတ်ခေါ်ပြီး သူတဲ့ရဲ့အသံကို နား
ထောင်ပေးဖို့ တိုက်တွန်းထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာ မြန်မှာနိုင်ငံကတိုင်းရင်းသားပေါင်းစုံ လာရောက်နေ
ထိုင်ပြီး မယ်လစခန်းမှာတော့ ကရင်၊ ကချင်၊ ချင်း၊ ကယား၊ မွန်၊ ပအိုဝ်း၊ နာဂ၊ လီဆူး၊ လားဟူ၊
ဗမာ၊ ရခိုင်အပါအဝင်မြန်မာတိုင်းရင်းသား လေးသောင်းခန့် နေထိုင်နေကြပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ