Tuesday, July 3, 2012

နယ်သာလန်နိုင်ငံအခြေဆိုက် ပေးအပ်တဲ့ ၂၀၁၂ နှစ် VAN HEUVEN GOEDHART ဆုကို နယ်လှည့်ကျောပိုးအိတ် အဖွဲ့ ရရှိ

နယ်သာလန်နိုင်ငံအခြေဆိုက် SV foundation က ပေးအပ်တဲ့ ၂၀၁၂ နှစ်အတွက် VAN
HEUVEN GOEDHART ဆုကို စစ်ဖြစ်ပွားနေတဲ့ဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက် မှုပေးနေ
တဲ့ နယ်လှည့်ကျော်ပိုးအိတ် ကျန်းမာရေးလုပ်သားများအဖွဲ့က ညွန်ကြားရေး မှူးတာဝန်ခံ စောဝင်း
ကျော်က ယူရိုငွေ ၅သောင်း လက်ခံရယူခဲ့ပါတယ်။
ဒီဆုချီးမြှင့်ပွဲကို နယ်သာလန်မှာ ဇွန်လ ၂၀ ရက်မှာကျင်းပမှာ
ဖြစ်ပေမဲ့ ဆုရရှိသူ စောဝင်းကျော် တက်ရောက်မလာနိုင်တဲ့အ
တွက် ဇွန်လ ၁၆ရက်နေ့က အခုလို ထိုင်း-မြန်မာနယ်စပ်မှာ မဲ
ဆောက်မြို့ မယ်တော်ဆေးခန်းမှာ လာရောက်ချီးမြှင့်တာဖြစ်ပါ
တယ်။

နယ်လှည့်ကျော်ပိုးအိတ်လုပ်သားအဖွဲ့က ထိုင်း-မြန်မာနယ်စပ်
မှာ အခြေဆိုက်ပြီး လက်ရှိ စစ် ပြေးဒုက္ခသည်တွေရှိရာ တိုင်း
ရင်းသားဒေသအားလုံးတွေမှာ ကျော်ပိုးအိတ် ၉၅ လုံးနဲ့ နယ်
လှည့်ကာ ကာကွယ် ကုသမှုတွေပေးနေပါတယ်။

၁၉၅၂ ခုနှစ်က ပထမ ဆုံး ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးအဖြစ် တာဝန်ထန်းဆောင် နေတဲ့
နယ်သာလန် နိုင်ငံသား VAN HEUVEN GOEDHART ကိုဂှုဏ်ယူပြီး ၂ နှစ်တကြိမ် ဒီဆု ကို ချီးမြှင့်
တာဖြစ်ပါတယ်။

ရရှိထားတဲ့ဆု ငွေကြေးနဲ့ ကျောပိုးအိတ်တွေတိုးချဲ့ထားဖို့ ရှိသလို ဆေးရုံတွေကိုလည်း တိုးချဲ့
ဆောက်လုပ်မယ်လို့ ဆုရရှိသူ စောဝင်းကျော်ကပြောပါတယ်။

နယ်သလန်အခြေဆိုက် SV Condition ကို ဒုတိယ ကမ္ဘာစစ်အပြီးမှာဘဲစတင်ထူထောင် ခဲ့ပြီး
ပထမဆုံးပေးအပ်ခဲ့တဲ့ ၂၀၀၁ ခုနှစ်မှာ ဒီဆုကို ထိုင်း-မြန်မာနယ်စပ် အခြေဆိုက် မယ်တော် ဆေး
ခန်း တာဝန်ခံ ဒေါက်တာ ဆင်သီရာမောင် ကိုချီးမြှင့်ခဲ့ပါတယ်။




No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ