Tuesday, July 3, 2012

ကေအဲန်ယူက မြန်မာအစိုးရနဲ့ သွားရောက်တွေ့ဆုံပြီး အရေးပေါ် အစည်းအဝေးတခုပြုလုပ်

မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်ဖို့ အရေးပေါ် တွေ့ဆုံဆွေးနွေးမှု
တခုပြုလုပ်ပြီး စစ်တပ်ပိုင်းဆိုင်ရာလိုက်နာရမယ့် ကိစ္စတွေကို ဆက်လက်ဆွေးနွေးဖို့ လိုတဲ့အ
ကြောင်း ကရင်အမျိုးသားအစည်းအရုံး ဗိုလ်မှူးစောလငွေပြောပါတယ်။

အခုလို စစ်တပ်တွေ လိုက်နာရ
မယ့် နယ်မြေ သတ်မှတ်နိုင်ရေး
အတွက် ကရင်အမျိုးသားအ
စည်းအရုံး ကေအဲန်ယူ အနေနဲ့
နောက်ထပ်တွေ့ဆုံဆွေးနွေးပွဲမှာ
အစိုးရဘက်က တပ်ပိုင်းဆိုင်ရာ
ဆုံးဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်ပါဝင်ဖို့
တောင်းဆိုရမှာဖြစ်တယ်လို့ သူ
ကပြောပါတယ်။

ပြီးခဲ့တဲ့ တွေ့ဆုံဆွေးနွေးမှုက စစ်တပ်အပိုင်းမှာ အပေါ်ယံညှိနှိုင်းမှုတွေပဲ လုပ်ဖြစ်ခဲ့တာဖြစ်လို့ KNU
ထိမ်းချုပ်နယ်မြေ တွေမှာ တပ်နေရာအတွက် မြေသိမ်းမှု၊ ဒေသခံတွေကို ပေါ်တာဆွဲမှုတွေ ရှိနေ
တာဖြစ်တယ်လို့ပြောပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ပြန်လည်သုံးသပ်ဖို့ အရေးပေါ် အစည်းအဝေးတရပ်ကို ကရင်အ
မျိုးသား အစည်းအရုံး-KNU ထိန်းချုပ်နယ်မြေက ကရင်ပြည်နယ် တနေရာမှာ ဇွန်လ ၄ရက်နေ့မှ ၇
ရက်နေ့အထိ ကျင်းပပြုလုပ်သွားပါတယ်။

အခုလို KNU ပြုလုပ်တဲ့အရေးပေါ်အစည်းအဝေးဟာ တတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ လတွေမှာ
လည်း မြန်မာအစိုးရနဲ့ သွားရောက်တွေ့ဆုံဆွေးနွေးမှု မပြုလုပ်ခင် အလားတူ အစည်းအဝေးနှစ်
ကြိမ် ပြုလုပ်သွား ပြီဖြစ်ပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ