ကယားပြည်နယ် လွိုင်ကော်မြို့မှာ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(KNPP) အတွင်းရေးမှူး
၁ ခူးဦးရယ် ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့က အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်
ရေး လုပ်ငန်းကော်မတီအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြ ပြီး သဘောတူညီချက် ၁၄ ချက်ခန့် လက်
မှတ် ရေးထိုးသွားပါတယ်။အစိုးရတပ်က KNPP ထိန်းချုပ်ဒေသတွေ
မှာ တပ်ပြန်ဆုတ်ပေးရေး၊ ဆက်ဆံရေးရုံး
တွေဖွင့်လှစ်ရေး၊ပြည်တွင်းရွှေ့ ပြောင်း ဒု
က္ခသည် (IDP)တွေကို နေရာပြန်လည်ချ
ထားရေး စတဲ့အချက်တွေအပါအ၀င် ၁၄
ချက်ကို သဘောတူသွားတယ်လို့ KNPP အ
တွင်းရေးမှူး၂ ဦးအောင်ဆန်းမြင့်က သ
တင်းဌာနတွေကိုပြောပါတယ်။
KNPP ဘက်က တောင်းဆိုချက် ၂၀ချက်မှာ
အစိုးရဘက်က ၁၄ချက် လက်ခံထားပေမယ့်
စစ်တပ်ဘက်ဆိုင်တဲ့တောင်းဆို ချက် ၄ချက်
ကိုတော့ သဘောတူညီချက်မရသေးလို့
KNPP အနေနဲ့ဆက်လက်ဆွေးနွေးရဦးမယ်လို့ ဦးအောင်ဆန်းမြင့်ကပြောပါတယ်။
KNPP ခေါင်းဆောင်တွေက ဆက်ဆံရေးရုံး ဖွင့်ရေးနဲ့ တချို့လုပ်ငန်းတွေ လက်တွေ့ အကောင်အ
ထည်ဖော် ဖို့ လူထု အခြေပြု လူမှုအဖွဲ့အစည်း တချို့နဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
အစိုးရနဲ့ KNPP တို့ကြား အပစ်အခတ်ရပ်စဲရေး နှစ်ဘက် သဘောတူ စာချုပ်ကို ပြီးခဲ့တဲ့ မတ်လ ၇
ရက်နေ့က ပြည်နယ် အဆင့် လက်မှတ်ရေးထိုးခဲ့ပြီး ပြည်ထောင်စု အဆင့်ကို ထပ်မံ တွေ့ဆုံဆွေး
နွေးသွားတာဖြစ်ပါတယ်။
KNPP ဟာ ၁၉၉၅ ခုနှစ်က စစ်အစိုးရ အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့ပြီး ၃ လအကြာပြီးတဲ့နောက်
အစိုးရ စစ်တပ်နဲ့ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားခဲ့ပြီး အပစ်အခတ် ရပ်စဲရေး ပျက်ပြားသွားခဲ့ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment