Thursday, July 5, 2012

ဒုက္ခသည်စခန်းမှာ ထောက်ပံ့မှုတွေ လျော့လာတဲ့အတွက် ကိုယ့်ကိုယ်ကို ရပ်တည်နိုင်ဖို့ မုန့်ဟင်းခါးလုပ်ရောင်း


ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာ ၂၀၀၉ခုနှစ်ကစတင်ပြီး ဒုက္ခသည်တွေအတွက်
ထောက်ပံ့မှုတွေလျော့ လာတဲ့အတွက် ကိုယ့်ကိုယ် ကို ရပ်တည်နိုင်ဖို့ မုန့်ဟင်းခါး လုပ်ရောင်းတဲ့အ
လုပ်ကိုရွေး ချယ်ရတာဖြစ်ပါတယ်လို့ နို့ဖိုးစခန်းက မိသားစုဝင်ခုနှစ်ယောက်ရှိတဲ့ နော်မူးမူက ပြော
ပါတယ်။
“အခုက စခန်းမှာ အရင်လိုမ
ဟုတ်တော့ဘူး မိသားစုဝင်
၇ယောက်ရှိတောင်မှ ဆီ ၃
လီတာကျော်ပဲရတယ်လေး
အဲဒါကြောင့် အသီအရွက်၊
ဆီး၊ အချိုမုန့်ကနေအစ တ
ခါတလေ ဆန်ပါဝယ်စားနေ
ရတယ်လေး ထောင့်ပံ့မှု အ
ဆင်မပြေတော့ဘူး ပြီးတော့
စခန်းမှာ အလှူလုပ်တာတို့
မုန့်ဟင်းခါးရောင်းတဲ့ဆိုတွေ
မှာ မုန့်ဟင်းခါးအဖတ်လို တယ်လေ သူတို့ဝယ်ယူနိုင်အောင် ကျမက လက်နဲ့လုပ်တဲ့ မုန့်ဟင်းခါးအ
ဖတ်ကိုလုပ်ရောင်းတာ တယ်တော့ မလုပ်နိုင်ဘူး တော်တော်ပင်ပန်းတယ်”

ဒီအလုပ်ကလွဲလို့ ဘာမှမလုပ်တတ်တဲ့ နော်မူးမူအတွက်ကတော့ ဒီနေ့ မုန့်ဟင်းခါး မှာယူတဲ့သူရှိမှ
မနက်ဖြန်ဝင် ငွေရှိမှာဖြစ်လို့ မုန့်ဟင်းခါးလုပ်ရောင်းပြီး စုမိတဲ့ ပိုက်ဆံနဲ့ ဝယ်ယူတဲ့ တီဘီလေးအရှေ့
မှာ ကိုးရီးယားဇတ်လမ်းတွဲ တွေကြည့်ပြီး မုန့်ဟင်းခါး အဖတ်မှာယူတဲ့သူကိုစောင့်နေရပါတယ်။

“ဒီနေ့လိုမျိုး ဘယ်သူမှ မုန့်ဟင်းခါးအဖတ်လာမှာတဲ့သူမရှိဘူးလေး သူတို့က ပုံမှန်မလာဘူး တခါတ
လေရှိတယ် တခါတလေမရှိဘူး စခန်းထဲမှာအလှူတွေလုပ်ရင် လူများလာမှာယူတာနည်းနည်းရှိ
တယ် အဲ့ဒါမှ ဝင်ငွေရတာပေါ့”

စခန်းကတချို့ မုန့်ဟင်းခါးဆိုင်တွေ၊ အလှူလုပ်တဲ့အိမ်တွေက မုန့်ဟင်းခါးခြောက် အထုတ်ကို ဝယ်
ယူနိုင်တဲ့ အတွက် သူ့အနေနဲ့ ဖောက်သည်းများများမရနိုင်တဲ့အခက်အခဲလည်းရှိသေးပါတယ်။

“ဖောက်သည်တွေကလည်း တခါတလေအရောင်းကောင်းတယ်လေ၊ တခါတလေ အရောင်းမ
ကောင်းလို့ သူ တို့ပဲကုန်အောင်ပြန်စားရတာရှိတယ်။ ပြီးတော့ စခန်းတခုလုံးမှာ လက်လုပ် မုန့်ဟင်း
ခါးအဖတ်ပဲ ရောင်း မယ်ဆို ရင် နားလို့မယ်အားမလဲ တချို့ မုန့်ဟင်းခါးခြောက်ထုတ်တွေယူပြီး
ရောင်းတယ်လေး အမျှင်နည်းနည်းများ မလား မသိဘူး အများအားဖြင့် မုန့်ဟင်းခါးခြောက်ထုတ်
တွေလုပ်ရောင်းတဲ့သူများတယ်”

နော်မူးမူက မုန့်ဟင်းခါးအဖတ်လုပ်ရောင်းတဲ့အတွက် မိသားစု စားဝတ်နေရေးအခက်အခဲတွေ၊ သား
သမီး ပညာရေး စရိတ်ဖြစ်တဲ့ ကျောင်းဝင်းကြေး၊ လစဉ်ကြေး ကျောင်းဝတ်စုံ စတဲ့ အခက်အခက်
တွေကိုလည်း အခြေအနေတခုအနေနဲ့ ဖြေရှင်းနိုင်တယ်လို့ ဆက်ပြောပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ