ထိုင်း-မြန်မာနယ်စပ် အုန်းဖြန်ဒုက္ခသည်စခန်းမှာ အိမ်ထောင်ရေးကိစ္စနဲ့ပတ်သက်လို့ ရန်ဖြစ်ပြီး ဓါး
ခုတ်မှုဖြစ်ပွားသူတွေကို စခန်းလုံခြုံရေးက ထိုင်းလုံခြုံရေး လက်ထဲအပ်လိုက်တယ်လို့ စခန်း လုံခြုံ
ရေးတာဝန်ရှိသူတွေကပြောပါတယ်။
ပြီးခဲ့တဲ့ ဂရက်နေ့က အုန်းဖြန်စခန်း မူစလင်ရပ်ကွက် ရပ်ကွက်ကိုးက လူတဦးဟာ အမျိုးသမီးတဦး
နဲ့အိမ်ထောင်ရေး ဖောက်ပြန်ရာမှာ လူတစ်ယောက်က တွေ့လိုက်မိတာကို သူတို့သိရလို့ အဲဒီသူက
စခန်းတာဝန်ရှိတဲ့သူတွေကိုပြောကြားမှာ စိုးရိမ်ပြီး စကားများ ရန်စဖြစ်တာဖြစ်ပါတယ်လို့ စခန်းလုံ
ခြုံရေးတွေကပြောပါတယ်။
စများရာမှ ဒါးနဲ့လိုက်ခုတ်တဲ့အဆင့်အထိ ဖြစ်သွားပြီး အိမ်ထောင်ရေးဖောက်ပြန်မှုကို တွေ့တယ်ဆို
တဲ့သူ ဦးခေါင်းကွဲကာ ဆေးရုံမှာ ခြောက်ချက်ချုပ်လိုက်ရတယ်လို့ လုံခြုံရေးတွေက ပြောပါတယ်။
အပစ်ကျူးလွန်တဲ့သူတွေကိုတော့ အမှု စစ်ဆေးဖို့ ဖုတ်ဖမြို့ရဲစခန်းမှာ ချုပ်ထားရတယ်လို့သိရပါ
တယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment