
"ကျနော်တို့ အခုအဓိကပြောတာကတော့ နှစ်ဖက်စစ်တပ်တပ်တွေလိုက်နာရမဲ့ စည်းကမ်းတွေပဲလေ ဒါပေမယ့် ဒုက္ခသည်တွေအတွက်ပဲ ဖြစ်ဖြစ်နယ်စပ် က IDP နေရာတွေမှာ နေထိုင်နေတဲ့ ကျနော်တို့ လူမျိုးတွေအတွက်တော့ ဦးစားပေး ဆွေးနွေးသွားမှာပါ "
ထိုင်းမြန်မာနယ်စပ် ကရင်ဒုက္ခသည် စခန်းတွေမှာတော့ ထိုင်းအစိုးရ အနေနဲ့ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်ဆိုတဲ့ ကောလဟာလ သတင်းတွေ ထွက်ပေါ်နေတဲ့ အတွက် ဒုက္ခသည်တွေက စိုးရိမ်နေကြပါတယ်။
ထိုင်းအာဏာပိုင် တာဝန်ရှိသူတွေက ဒုက္ခသည် တွေကို ဖိအားပေးပြီး အတင်းပြန်ခိုင်းမယ်ဆိုရင် ပြည်တွင်းမှာသူတို့တွေအတွက်လုံးခြုံရေး မရှိသေးရင်တော့ လက်မခံနိင်ကြောင်း နှင့် အတင်းအကျပ်ခိုင်းပြီးပြန်ခိုင်းတာမျိုးလဲမရှိကြောင်း သူကဆက်ပြောပါတယ်။
အခုအပစ်ရပ် ကာလမှာ ဒုက္ခသည် တွေပြည်တွင်းကို ပြန်ဖို့အတွက် လုံခြုံစိတ်ချလောက်ရတဲ့ အခြေအနေမျိုးမရှိသေးသေးသောကြောင့် ပြန်လည်ရွှေ့ပြောင်း ရန်မှာလွန်စွာ အန္တရာယ်ရှိသေးကြောင်း မယ်လ စခန်းဥက္ကဌ စောထွန်းထွန်းက ပြောပါတယ်။
" ဒီလိုအပစ်အခတ်ရပ်စဲရေးကာလမှာတော့ သူတို့ပြန်လို့မရသေးဘူးလေ စစ်မှန်တဲ့ ငြိမ်းချမ်းရးရမှပဲ ပြန်လို့ရမယ် သူတို့ပြန်မယ်ဆိုရင်တောင် သက်မွေးဝမ်းကျောင်းလေး တခုခုလောက်တတ်ထားမှလေ အဲဒီအတွက် အနည်းဆုံး ၃ နှစ်လောက်တော့ ကျနော်တို့ ပြင်ဆင်ထားရမယ်ဟု" ပြောပါတယ်။
အခုချိန်မှာပြန်မယ်ဆိုရင်တော့ ဒုက္ခသည်များအတွက်လုံခြုံစိတ်ချရတဲ့ နေရာမရှိသေးတဲ့အပြင် အစိုးရိမ်ရဆုံးမှာလဲ လုံခြုံရေးဖြစ်ပြီး မြေမြုပ်မိုင်းနှင့် BGF , DKBA နှင့် နအဖ လက်နက်ကိုင်တပ် ဖွဲ့များလဲရှိသေးကြောင်း သူကဆက်ပြောသွားပါတယ်။
No comments:
Post a Comment