ရေကြီးမှုကြောင့် ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ရေဘေးဒုက္ခသည် စုစုပေါင်း ၆၀၀၀နီးပါး ရှိနေပြီဟု
ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော် မင်းက ကေအိုင်စီသို့ ပြောကြောင်းသိရပါတယ်။
ဖားအံက ကယ်ဆယ်ရေးစခန်း ၈ခုမှာ ရေဘေးဒုက္ခသည် ခြောက်ထောင်ခန့် ရှိနေပြီုး သံလွင်
အ နောက်ဘက်ကမ်းတွင်မြစ်ရေလျှံသည့်အတွက် ဖားအံမြို့အနောက်ဘက်ခြမ်းရှိကျေးရွာအ
ချိုမှ့ဖွင့်လှစ်ထာသောယာယီကယ်ဆယ်ရေးစခန်းမျာတွင် ရေဘေးဒုက္ခသည် ၂၀၀ကျော်ရှိ
ကြောင်း ၀န်ကြီးချုပ်၏ ပြောပြချက်အရ သိရပါတယ်။
ဇူလိုင်လ ၂၉ရက်နေ့ကတည်းက နေအိမ်များ ရေနှစ်မြုပ်သည့် ပြည်သူ များအတွက် World
Food Program – WFP မှဆန်အိတ်များလှူဒါန်းခဲ့ပြီး အစိုးရအဖွဲ့ များမှ အိုးခွက်ပန်းကန်၊
စောင်ခြင်ထောင်များနှင့် အခြားစားစရာများကိုလဲ ဝေငှပေးခဲ့ကြောင်းသိရပါတယ်။
ကရင်ပြည်နယ် ဖားအံမြို့တွင် ရပ်ကွက် ၉ခှုရိပြီး ယခုရေကြီးသည့်ရပ်ကွက်များမှာ အမှတ်
(၁)၊ (၂) နှင့် (၅)ရပ်ကွက်များမှ မြေနိမ့်ပိုင်းများ၌ ဖြစ် ပြီး သေဆုံးသူ တဦးမှမရှိသေးကြောင်း
လဲ သိရပါတယ်။

No comments:
Post a Comment