Tuesday, August 7, 2012

ဆက်ဆံရေးရုံး သုံးနေရာစလုံး KNPP ဖွင့်လှစ်ပြီးစီး

ကရင်နီ(ကယား)ပြည်နယ်မှာ ဇူလိုင်လအတွင်း ဆက်ဆံရေးရုံးသုံးနေရာဖွင့်လှစ်ဖို့ ရှိတဲ့ ကရင်အမျိုးသားတိုးတက်ရေးပါတီ-KNPPဟာ ရှားတောမြို့ရှိ စုစည်းရပ်ကွက်တွင် နောက်ဆုံး ဆက်ဆံရေးရုံး
ကို အခု တပတ်အတွင်း ဖွင့်လှစ်ခဲ့ပါတယ်။

KNPP သည် မြန်မာအစိုးရနှင့် သဘောတူညီမှု ယူထားသည့်အတိုင်း ဇူလိုင်လ ၂၅ရက်၌ လွိုင်ကော်ဆက်ဆံရေးရုံး၊ ဇူလိုင်လ ၂၇ရက်နေ့ ၌ ဖားဆောင်းဆက်ဆံရေးရုံးနှင့် ဇူလိုင်လ ၃၁ရက်နေ့၌ ရှားတောဆက်ဆံရေးရုံး စုစုပေါင်း သုံးနေရာ ဖွင့်လှစ်ပြီးခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အခမ်းအနားဖွင့်ပွဲမှာ KNPP ဘက်မှ ခူးဒယ်နီယာပါဝင်သည့် ဗဟိုကော်မတီ ၂ဦးနှင့် အရံဗဟို ကော်မတီ အဖွဲ့ဝင် ၃ဦးတို့က ဦးဆောင်ခဲ့ပြီး အစိုးရဘက်မှ စီမံရေးရာဝန်ကြီး ဦးကောရယ်၊ သစ်တောဌာန၀န်ကြီး ဦးရဲဝင်း အပါအ၀င် ၀န်ကြီး ၄ဦးနှင့် ပရိဿတ် ၂၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

KNPP သည် မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် ဇွန်လ ၉ရက်နေ့က ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေး နွေးခဲ့စဉ်က အစိုးရအား အချက် ၂၀ တင်ပြဆွေးနွေးခဲ့ရာ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ထားရှိရေး အပါအ၀င် အချက် ၁၄ချက်ကို အစိုးရနှင့် သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ