ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့မှာမိုးရွာသွန်းမှုများကြောင့် ရေတွေတအား
ကြီးပြီး အိမ်ခြေ၁၀၄လုံးရှိသော အမှတ်
(၆) ရပ်ကွက်တစ်ခု လုံး ရေနစ်မြှုပ်သွား
တယ်လို့ ကေအိုင်စီ သတင်းမှာ ဖေါ်ပြ
ထားပါတယ်။ရပ်ကွက် ၆ ခုရှိတဲ့ ကြာ
အင်းဆိပ်ကြီးမြို့တွင် အမှတ် (၆)ရပ်
ကွက်မှာ မြေနိမ့်ပိုင်း မှာရှိ နေသော
ကြောင့် ရေကြီးမှုဖြစ်လာရင် ၎င်းရပ်
ကွက်သည်သာဦးစွာရေနစ်မြှုပ်ခံရခြင်း
ဖြစ်ပါတယ်။ရေဘေးဒုက္ခသည် များကို ကုန်းမြင့်ပိုင်းရှိရာရာဘာခြံတွင် ယာယီအဖြစ် တဲထိုးနေရာချထားပေး
ပြီးသေကျေ ပျက်စီးမှု မရှိ ကြောင်း နှင့် အမှတ် ၆ရပ်ကွက်တွင် အိမ်ထောင်စု၁၁၂စု၊ရှိပြီးလူဦးရေ
ပေါင်း ၄၇၅ဦးနေထိုင် လျှက်ရှိပါတယ်။
ရေဘေးဒုက္ခသည်များအတွက် စားဝတ်နေရေးအကူအညီများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
များ၊ ပြည်ခိုင်ဖြိုးပါတီ ရပ်မိရပ် ဖများ၊ (WFP) – world food program အဖွဲ့များနှင့် သတ္တုတွင်း
ဝန်ကြီး ဦးစောလောလလည်း လာရောက်ကူညီပေး တယ်လို့သိရပါတယ်။
No comments:
Post a Comment