Tuesday, August 7, 2012

တောင်ငူမြို့နယ်အတွင်းမှ ရေဘေး ဒုက္ခသည်များ အကူအညီမဲ့နေ

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အတွင်း မိုးရွာသွန်းမှုများခြင်းနဲ့ ဆည်ရေများ ဖောက်ချခြင်းတို့ကြောင့် မြို့နယ်အတွင်း ဒုက္ခရောက်နေကြရ သည့် ရေဘေးဒုက္ခများအား ယခုအချိန်ထိ ကူညီပေးမည့် အဖွဲ့အစည်းများ မရှိသေးကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့်အပတ်က တောင်ငူမြို့နယ်တွင် မိုးရွာသွန်းမှုများပြားခဲ့ပြီး ၎င်းမြို့နယ်အနီးရှိ ပသီဆည်၊ သောက်ရေခပ်ဆည်နှင့် ခပေါင်းဆည် သုံးခုမှ ရေဖောက်ချသဖြင့် မြို့ပေါ်ရပ်ကွက်အတွင်း အိမ်အချို့တွင် ရေအနည်းငယ်နစ်မြုပ်နေသဖြင့် နီးစပ်ရာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် သွားရောက်နေထိုင်နေကြရသည်ဟု တောင်ငူမြို့ရပ်ကွက်(၂၀) ကျောက်တွင်းကုန်းမှ စောကော်စိုးကပြောပါတယ်။

ရေဘေးဒုက္ခသည်များမှာ စုစုပေါင်း ၃၀၀၀ခန့်ရှိပြီး တောင်ငူမြို့ပေါ်တွင်သာမက တောင်ငူမြို့နယ်အတွင်းရှိ ကျေးရွာအချို့နှင့် ထန်းတပင်၊ အုတ်တွင်းနှင့် ရေတာရှည်မြို့နယ်များတွင် ရေကြီးမှုကြောင့် စပါးခင်းများ ရေနစ်မြုပ်နေသည်။

လက်ရှိအချိန်တွင် မိုးရွာသွန်းမှု နည်းပါးသွားခဲ့သော်လည်း ရေကျမသွားသေးဘဲ လမ်းပေါ်တွင် လူကြီးအရွယ် ခါးအမြင့်ထိ ရေကြီးကာ သွားလာနေရသေးသဖြင့် တောင်ငူမြို့ပေါ်ရှိ အထက(၁)၊ အထက(၅)၊ အထက(၆)နှင့် အလက(၁) အစိုးရစာသင်ကျောင်းများကိုလည်း ပိတ်ထားရကြောင်း မြို့ခံများက ပြောသည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ