လ ၅ရက်နေ့က ဖာပွန်မြို့နယ်၊ မဲဆိပ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ BGF မှ ၄ဦးကျဆုံး
ကြောင်း ကေအိုင်စီသတင်းတွင်ဖေါ်ပြထားပါတယ်။

ဇူလိုင်လ ၇ ရက်နေ့မနက် ၅နာရီတွင် BGF (၁၀၁၄) တပ်ရင်းနဲု့ KNLA တပ်မဟာ(၅)ဌာနချုပ်
က တပ်စုတစုတို့ ထိပ်တိုက်ဖြစ်ပွားကာ BGFမှ တပ်သား (၄)ဦး ကျဆုံးပြီး KNLAဖက်ကဒဏ်
ရာ ၂ယောက်ရကြောင်း တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူးကလယ်ဒို့က ကေအိုင်စီကို ပြောကြား
ကြောင်းသိရပါတယ်။
အချိန်နာရီဝက် ကြာမြင့်သည့် ၎င်းတိုက်ပွဲတွင် KNLA က BGF တပ်ဖွဲ့ထံမှ အမ်-၁၆ ၄လက်၊
ကာဘိုင် တစ်လက်၊ ပစ္စတို တစ်လက်၊ ပွိုင့်-၂၂ တစ်လက်၊ ကင်မရာတစ်လုံးနှင့် ဖုန်းတစ်လုံး
တို့ကို သိမ်းဆည်းရခဲ့ပါတယ်။
တပ်မဟာ(၅)နယ်မြေတွင် နယ်ခြားစောင့်တပ် (၁၀၁၃)နှင့် (၁၀၁၄) တပ်ရင်းတို့ အခြေစိုက်
လှုပ်ရှားလျက်ရှိရာ ယခုတိုက်ပွဲတွင် (၁၀၁၄)တပ်ရင်းမှူး ဗိုလ်မှူးမောင်ချစ်မောင်က နယ်မြေ
တိုးချဲ့မှု ပြုလုပ်လာသည့်အတွက်ကြောင့် KNLA ဘက်မှ တိုက်ခိုက်ရခြင်းဖြစ်သည်ဟု သိရပါ
တယ်။
No comments:
Post a Comment