Tuesday, August 7, 2012

ဒုက္ခသည် ပြန်လည်နေရာ ချထားရေးဖြစ်မြောက်ပါက ဂျပန်ရှိ NPOP အဖွဲ့ ၀ိုင်းကူမည်

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံတိုင်းရင်းသားများနှင့် ဂျပန်လူမျိုးများပူးပေါင်း၍ ဖွဲ့စည်းထားသည့် Non Profit Organization Peace (NPOP)အဖွဲ့က မြန်မာနိုင်ငံ တွင် ပြုပြင်ပြောင်းလဲမှုဖြစ်လာပြီး နယ်စပ်အသီးသီးရှိ ဒုက္ခသည်များကို ပြည်တွင်းသို့ ပြန်လည်နေရာ ချထား ရေးဖြစ်မြောက်ပါက ၀ိုင်းဝန်းကူညီပေးမည်လို့ ပြောလိုက်ပါတယ်။

ဒုက္ခသည်များ ပြန်လည်နေချထားရေးတွင် နေထိုင်ရေး၊ ရိက္ခာထောက်ပံ့ရေး၊ ပညာရေးနှင့် အလုပ်ဖန်တီးပေးမှု စသည်တို့ကို ကူညီ ဆောင်ရွက်ပေးရန် ဂျပန်အစိုးရထံသို့ တောင်းဆိုသွားမည့်အပြင် မြန်မာ့အရေး စိတ်ဝင်စားသူ ဂျပန်လူမျိုးများနှင့်တကွ တတ်စွမ်းသမျှ ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

မြန်မာနိုင်ငံ တိုင်းရင်းသားဒေသများတွင် ဒုက္ခရောက်နေသည့် ပြည်သူများကို ကူညီပံ့ပိုးပေးရန် ရည်ရွယ်၍ ဂျပန်ရောက် မြန်မာနိုင်ငံသား တိုင်းရင်းသားများနှင့် ဂျပန်လူမျိုးများပူးပေါင်းကာ NPOP အဖွဲ့ကို ၂၀၁၂ခုနှစ်၊ ဇွန်လတွင် ဖွဲ့စည်းခဲ့သည်။

အဆိုပါအဖွဲ့တွင် Director အဖွဲ့ဝင် ဂျပန်ရောက် မြန်မာနိုင်ငံ တိုင်းရင်းသား ၄ဦးဖြစ်သည့် မရစ်ဆိုင်းဘူ(ကချင်)၊ စောဘလှသိန်း(ကရင်)၊ ထန်နိုင်လျန်းထန်(ချင်း)၊ အောင်ဘ(နာဂ)တို့နှင့်အဖွဲဝင် မြန်မာနိုင်ငံ မှ တိုင်းရင်းသား ၃၀ကျော်ပါဝင်ပြီး ဂျပန်လူမျိုး ၆ယောက် ပါဝင်သည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ