Friday, September 14, 2012

မယ်လဒုက္ခသည် စခန်းမှာ ရိက္ခာပြသနာကို ဖြေရှင်ပေးမဲ့ နည်းလမ်းကို အဖွဲ့တဖွဲ့ ဖွဲ့ ပြီး စတင် လုပ်ဆောင်

စက်တင်ဘာ ၂၀၁၂ နှစ် စောဖိုးထူး(KSNG)
ထိုင်းမြန်မာနယ်စပ် မယ်လကရင် ဒုက္ခ သည်စခန်းတွင် စားနပ်ရိက္ခာ လျှော့ချမှု ပြသနာ ဖြေရှင်းပေးနိင် ရန်အတွက် CMT (Community Menage Tarteting) လူထုရွေးချယ် သတ်မှတ်ချက် ကော်မတီ သစ်ကို ဖွဲ့စည်းခဲ့ ပါတယ်။

CMT ကော်မတီရဲ့ အဓိက ရည်ရွယ်ချက်မှာ စခန်းတွင်း ရှိပြည်သူများ အကြား စားဝတ်နေရေး ပြေလည် သူများနဲ့ အမှန်တကယ် အခက်အခဲ ရှိနေသူများ ကိုရွေးချယ်ပြီး ကူညီ ဖြေရှင်းပေး သွား မည်ဟုလဲ သိရပါတယ်။

မိမိဘာသာ ရပ်တည်နိင်သော သူများ ကိုပြည်သူများက ကိုယ်တိုင် ရွေးချယ်ပြီး ရိက္ခာ ပေးသင့် မပေးသင့် ကို ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ ကရင်ဒုက္ခသည်စခန်း ကော်မတီ အတွင်းရေးမှူး စောဂျော့ ကအခုလို ပြောပါတယ်။

သူက“ တချို့ ဆိုရင် သူတို့ဆီမှာ ဆိုင်ကြီးတွေ၊ ကား ၊ဆိုင်ကယ်၊ဗွီဒီယိုရုံတွေ ရှိတယ်လေ အဲ
ဒီလူတွေကြတော့ သူတို့ဘာသာ ရပ်တည်နိင် တဲ့စာရင်း ထဲမှာပါ တာပေါ့နော် တခြားဘာမှ မရှိတဲ့ သူတွေကြတော့ တကယ်လိုအပ်တဲ့ သူတွေပေါ့နော် ပြီးတော့ ဒီပြည်သူတွေ လောက်လဲ ကျနော်တို့က မသိနိင်ဘူးလေ ဟု” သူကပြောသွားပါတယ်။

မိမိခြေပေါ်သို့ရပ်တည် နိုင်သော သူများကို ဆန်တမျိုးထဲ သာ ဖြတ်မှာ ဖြစ်တယ်လို့လဲ သူကဆက်ပြော သွားပါတယ်။


ထိုဖြတ်တောက်ခံ ရသောရိက္ခာ များကိုလဲ မည်သည့် ဖွဲ့အစည်း တွက်မှ သုံးမှာမဟုတ်ပဲ အမှန်တကယ် ပင်စားဖို့ မလုံလောက် သောစခန်းရှိ မိသာစုဝင်များကို ပေးသွား မှာဖြစ်တယ် လို့လဲ သိရပါတယ်။

အခုလိုလုပ်ခြင်း အားဖြင့် အကျိုးရှိတာတွေရှိသလို အသုံးမ၀င်တာလဲ ရှိတယ် လို့မယ်လ စခန်းသူ တဦးဖြစ်သူ နော်ခင်သန်းက အခုလို ပြောပါတယ်။

သူက “အခုဆို ကျမတို့က တလကိုဆန် ၁၂ ကီလိုပဲရတော့ တယ်လေ ထပ်ပေးရင်တော့ ၀မ်း သာ တာပေါ့နော် ကျမမှာက ကလေး ၈ ယောက်ရှိတယ် ကျောင်းတက် တာက ၆ ယောက်လေ သူ တို့အတွက် ဟင်းသီးဟင်းရွက်တွေကိုကျမ ရောင်းတယ် ဒါပေမယ့် ကိုယ်ပိုင်ဝင်ငွေရှိ တဲ့သူတွေကို ကြတော့ မပေးတော့ ဘူးဆိုရင် တော့ ဒီကလေးတွေကို ကျောင်းထားလို့ ဘယ်ရတော့မလဲ ဟ”ု ပြောသွားပါတယ်။

ထို အစီစဉ်ကို ကရင်ဒုက္ခသည် ၇ ခုရှိသည့်အနက် အကြီးဆုံးဖြစ်သော မယ်လ စခန်းတွင် စ တင်လုပ်ဆောင် တာဖြစ်ပြီး အောင်မြင်မှုရှိပါက စခန်းအားလုံးနဲ့ ကရင်နီ ဒုက္ခသည် စခန်းကိုပါ ဆက်လက် လုပ်ဆောင် သွားမှာဖြစ် ကြောင်းလဲသိ ရပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ