Friday, September 28, 2012

ကရင်စာပေများကို ယခုအချိန်တွင် အခမဲ့ စတင် သင်ကြားလျက်ရှိ

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ၊ သမ္မာသမ် ဗုဒ္ဒဘာသာ ကရင်လူမျိုးစာကြည့်တိုက်တွင် ကရင်စာပေများကို ယခုအချိန်တွင် အခမဲ့ စတင် သင်ကြားလျက်ရှိရာ စိတ်ပါဝင်စား သည့် မည်သူမဆို လာရောက်သင်ကြားနိုင်တယ်လို့  သိရတယ်။

ထိုသင်တန်းကို ပြီးခဲ့သည့် ဇူလိုင်မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဗုဒ္ဒဘာသာဖြစ်စေ၊ ခရစ် ယာန်ဖြစ်စေ ကရင်စာပေ တတ်မြောက်လို သူအဓိကအားဖြင့်  ကလေးများကို လက်ခံသင်ကြားပေး  တယ်လို့ ကေအိုင်စီ သတင်းအရ သိရပါတယ်
 

န်ာသရာနော်ကအပတ်စဉ် စနေနဲ့ တနင်္ဂနွေ နေ့တိုင်း မွန်းလွဲ (၁)နာရီမှာ စတင်သင်ကြားပြီး  လောလောဆယ် ကျောင်းသူ ကျောင်းသား ၁၅ ဦးရှိပြီး စကောကရင်၊ အရှေ့ ပိုးကရင်နဲ့ အနောက်ပိုးကရင် ၃ဘာသာ စလုံးကို  သင်ကြား ပေးနေတယ်လို့လဲသိရပါတယ်။

အဲဒီစာပေသင်တန်း မှာ လူ့အခွင့်အရေးဆိုင်ရာ ဟောပြောပွဲများ နဲ့ သဘာဝပတ်ဝန်းကျင် ထိမ်းသိန်းရေးဆိုင်ရာ ဟောပြောပွဲများကိုလည်း အလျဉ်းသင့်သလို ပြောကြားပေးကြောင်လဲ သိရပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ