ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် မြောက်ပိုင်း ပလာ့ခို့၊ နော်ယိုထာ့နှင့် လယ်မူပလော ကျေးရွာ အုပ်စုတို့တွင် တုပ်ကွေးရောဂါဖြစ်ပွားသူ ၁,၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့(BPHWT)က ပြောကြောင်း ကေအိုင်စီ သတင်းအရ သိရပါတယ်။
အဲဒီဒေသမှာ တုပ်ကွေးရောဂါ ရတဲ့သူများဟာစက်တင်ဘာလ ၁၃ရက်မတိုင်မီအထိ ၁,၄၆၇ဦးရှိပြီး ကျောင်းသူကျောင်းသားဦးရေ ၆၀၀ကျော်မှာ ၄၀၀ကျော် ရောဂါကူးစက်ခံ ရတယ်လိုလဲ သိရပါတယ်။
BPHWT မှ စာရင်းကောက် ထားချက်အရ တုပ်ကွေးဖြစ် သောသူများမှာ အသက် ငါးနှစ် အောက်က လေး ကနေ အသက်ကြီးပိုင်း အထိတွေ့ရှိရပြီး WHO ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့၏ သတ်မှတ်ချက်အရ influenza live inact-ILI တုပ်ကွေးအမျိုး အစားဖြစ် တယ်လို့စမ်းသပ်တွေ့ ရှိရကြောင်း သိရပါတယ်။
အခုလို တုတ်ကွေးရောဂါ ဖြစ်ပွားမှုကြောင့် သေဆုံသူ တယောက်မှ မရှိသေးပဲ၊အဲဒီဒေသ တွေမှာရှိတဲ့ ကျောင်းသူကျောင်း သားများမှာ ယခုချိန်ထိ ပညားသင်ကြားနိင် ခြင်းမရှိသေးကြောင်းလဲ သိရပါတယ်။
No comments:
Post a Comment