တိုင်းရင်းသား လက်နက်ကိုင်အ ဖွဲ့များနဲ့ ပြည်တွင်းပြည်ပ နိုင်ငံရေး ပုဂ္ဂိုလ်များ ပါဝင် တဲ့ညီလာ ခံကြီးတခုကို ပထမဦးဆုံး အကြိမ် ကျင်းပခဲ့တယ် လို့သိရပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စက်တင်ဘာလ ၁၄ရက်မှ ၁၆ရက်နေ့အထိ ၃ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းရင်းသားများ၏ ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေးလုပ်ငန်းစဉ် များကို လဲ ခုမှတ်ခဲ့ကြောင်း သိရပါတယ်။
အဲဒီအစည်း အဝေးမှာ တိုင်းရင်းသားများ အားလုံးက နိုင်ငံရေးပြ သနာကို စုပေါင်း လုပ်ဆောင်းသွားမယ် ဆိုတဲ့ သဘောတူ ညီမှုတွေ ရခဲ့တယ်လို့ ကေအဲန်ယူ ကရင်အမျိုးသား အစည်းအရုံးမှ တာဝန်ရှိသူ တဦးဖြစ်သူ စောမားမား က အခုလိုပြောပါတယ်။
သူက “ ကျနော်တို့ နိုင်ငံရေး ပြသနာကို တဖွဲ့ထဲ ကပဲလုပ် ဆောင်လို့မရဘူး လေ အဲဒါကြောင့် တိုင်းရင်းသား တွေအားလုံး ပေါင်းပြီး ဒီပြသနာတွေကို ၀ိုင်းဖြေရှင်း ကြမှာပါ ဟု” ပြောသွားပါတယ်။
လက်ရှိမှာ တိုင်းရင်းသားတချို့ကို အပစ်အခတ်ရပ်စဲ ရေးလုပ်ထား ပေမယ့် အချို့နေရာတွေမှာ တိုက်ပွဲဖြစ်နေ တာတွေ ရှိသေးတဲ့အတွက် မြန်မာ အစိုးရကို ယုံကြည်ရန်မှာ မလွယ်ကူသေးကြောင်း သူကဆက် ပြောသွား ပါတယ်။
တိုင်းရင်းသားများ အားလုံးသည် စစ်တိုက်ချင်းသော သူများမဟုတ်ပဲ မိမိရပိုင် ခွင့်အတွက် ကိုသာ အဓိကတောင်းဆိုနေတာ ဖြစ်ကြောင်း ထိုညီလားခံမှ ပြောရေးဆို ခွင့်ရှိသူ စောမြရာဇာလင်း ကအခုလို ပြောပါတယ်။
သူက“ ကျမတို့ တိုင်းရင်းသား လူမျိုးတွေအားလုံးဟာ စစ်တိုက်ချင်တဲ့သူ တယောက်မှ မရှိပါဘူး တရားသဖြင့် ကိုယ့်ရဲ့ ရပိုင်ခွင့်တွေကို သာ တောင်းဆို တာပါ ဘယ်သူ့ရဲ့ ပိုင်နက်ပစ္စည်းကို မှ အတင်းအဓမ တောင်းဆိုနေတာ မဟုတ်ဘူး ဟု” ပြောသွားပါတယ်။
No comments:
Post a Comment