ထိုင်းလုံခြုံရေးကောင်စီဟာ နေပြည်တော်မှာ မီးရထားဝန်ကြီး ဦးအောင်မင်းနဲ့ တွေ့ဆုံခဲ့ပြီး ထိုင်းမီဒီယာတွေကို ပြောသွားတာ လို့လဲသိ ရပါတယ်။ဒုက္ခသည်များကို ပြန်ပို့မည့် အကြောင်းနဲ့ ပတ်သတ်ပြီး ဘာ အစီစဉ်မှ မရှိသေးကြောင်း UNHCR တာဝန်ရှိသူ တဦးက အခုလိုပြော ပါတယ်။
သူက “ ဒီလို ဘာမှမသေချာ မရေရာတဲ့အခုလို အချိန်မှာ ကျနော်တို့ UNHCR အနေနဲ့တော့ ဒီဒုက္ခသည်တွေကို ပြန်ပို့လို့မဖြစ်သေး ဘူးလို့ ထင်တယ် ပြီးတော့ လဲ သူတို့အတွက် စီစဉ်ထားတာ ဆိုလို့ ဘာမှကျနော်တို့မှာ သေသေချာချာ မရှိသေးဘူး ဟု” ပြောကြားသွားပါတယ်။
တကယ်လို့ ဒုက္ခသည်တွေကို အခုချိန်မှာ ပြန်ပို့မယ် ဆိုရင်လဲ သဘောမတူနိင် ကြောင်းနဲ့ အဓိကအားဖြင့် သူတို့တွေ ရဲ့အမြင် သဘေားထား များကိုလည်း အရင်သိထား ရန်လိုအပ် ကြောင်းသူက ဆက်ပြောသွားပါတယ်။
ပြည်းတွင်းမှာ စစ်မှန်တဲ့ ငြိမ်းချမ်ရေး နဲ့ နှစ်ဖက်အစိုးရ တွေက သေသေချာချာ လက်ခံပြီး အတည်ပြုမှပဲ နေရပ်သို့ ပြန်သင့်ကြောင်း KRC ကရင် ဒုက္ခသည် ကော်မတီ အတွင်းရေးမှူး စောဂျော့ အခုလိုပြောပါယ်။
သူက“ အစိုရနှစ်ဖွဲ့စလုံး နဲ့တာဝန်ရှိ အဖွဲ့အစည်းတွေ အကုန်လုံးက စစ်မှန်တဲ့ ငြိမ်းချမ်းရေး အာမခံချက် ရယ်ပြီးတော့ ပြန်နေမယ့် နေရာကလဲ ကျနော်တို့ပြည် သူတွေက လက်ခံတဲ့ နေရာတွေ ဖြစ်မှပဲ ပြန်လိုရမယ် ဟု” ပြောသွားပါတယ်။
များသောအားဖြင့်ဒုက္ခသည်မျာကိုနယ်စပ်ရှိစက်မှုဇုန်တည်ရှိသော နေရာများတွင် ပြန်လည် နေရာချထားရန် အစီစည်ရှိ ကြောင်းလဲ သိရပါတယ်။ထိုကဲ့သို့သော နေရာမျိုး တွင် ပြန်ထားပါက လက်မခံနိုင် ကြောင်းနဲ့ အခုချိန်ထိလဲ မပြန်ရဲသေးကြောင်း မယ်လစခန်း မှနော်စီစီးလယာ ကအခုလိုပြောပါတယ်။
သူက “အဲဒီလို စက်မှုဇုံနေရာတွေ မှာတော့ပြန်မ နေချင်ပါဘူး ပြီးတော့ ပြန်နေရင်လဲ သူများကျွန်ပဲ ဆက်ဖြစ် အုံးမှာလေ ” ဟု” ပြောသွားပါတယ်။
တနှစ်အတွင်း ဒုက္ခသည်များ ပြည်တွင်းသို့ ပြန်လည် အခြေ ချနေထိုင်နိင်ရန် အတွက် မြန်မာအစိုးရဖက် မှ နေထိုင်ရန် အိမ်း များကို ပြင်ဆင်ပေးခြင်းနဲ့ မြေမြုပ်မိုင်းများကို လဲစတင် ရှင်းလင်းမှုပြု လုပ်ပေးနေကြောင်း ၀ီချာရာဖိုတဲဖိုရီ ကပြောတယ်လို့လဲ သိရပါတယ်။
No comments:
Post a Comment