Friday, September 28, 2012

ဒုက္ခသည်များ လုံခြုံရေးအရ စိတ်ချရစွာ ပြန်လည် နေရာချထားရေး အစီအစဉ်များအား ချမှတ်သင့်



ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်း ၁ဝ ခုမှ ဒုက္ခသည်များ လုံခြုံရေးအရ စိတ်ချရစွ ပြန်လည် နေရာချထားရေး အစီအစဉ်များအား ချမှတ်သင့်ကြောင်း လူ့အခွင့်အရေး စောင့် ကြည့်ရေးအဖွဲ့ HRW အာရှဒေသ လက်ထောက် ဒါရိုက်တာ ဖီးလ် ရောဘတ်ဆန် Phil Robertson ကပြောကြောင်း မဇ္ဈိမ သတင်းအ ရသိရပါတယ်။

UNHCR
၊ ထိုင်းနဲ့  မြန်မာ အစိုးရတို့အကြား
ဒုက္ခသည်များကို နေရပ်သို့ ပြန်ပို့ဆောင်း ကြိုတင်ပြင် ဆင်မှုတွေရှိ သော်လည်း လက်တွေ့ လုပ်ဆောင်ရာမှာ အကောင်အထည် မဖေါ်နိင်သေးကြောင်းလဲ သိရပါတယ်။  

အဲဒီလို ပြန်ပို့ဆောင်မယ် ဆိုရင်လဲ
စခန်းတခုချင်း၊ မိသားစုတစု ချင်းနဲ့ ဒုက္ခသည် တဦးချင်း ရဲ့ သဘော ဆန္ဒများနဲ့ အမြင် တွေကို ကောက်ခံရန် လိုအပ်တယ်လို့လဲ ဖီးလ် ရောဘတ်ဆန် ကပြောကြောင်းသိရပါတယ်။

ထိုင်း-မြန်မာ နယ်စပ် ရှိ ဒုက္ခသည် စခန်းများတွင် ဒုက္ခသည်ပေါင်း ၈၅,၈၇၆ ဦး ရှိပြီး ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည် စခန်း (IDP) ခုနှစ်ခုတွင် ဒုက္ခသည် ၁၇,၄၄၄ ဦး ရှိသည်တယ်လို့ HRW အစီရင်ခံ စာအရသိရပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ