Saturday, October 13, 2012

ကရင်ဒုက္ခသည် များအသီးသီးမှ ကမ္ဘာ့ ဆရာများ နေ့အခမ်းအနား ကိုကျင်းပ

၂၀၁၂ ခုနှစ်၊အောက်တိုဘာလ ၁၁ ရက်၊စောလခင်မူး  (KSNG)

ထိုင်းမြန်မာနယ်စပ် အုန်းဖြန်၊ကရင်ဒုက္ခသည် စခန်းအတွင်းရှိ ပညာရေးဌာန များနဲ့ စခန်းကော်မတီများ အပါအ၀င် စခန်းအတွင်းရှို မိဘပြည်သူများအာလုံး စုပေါင်းပြီး ကမ္ဘာ ဆရာများ နေအခမ်းအနား ကိုကျင်းပခဲ့ကြတယ်လို့သိရပါတယ်။

ယခုနှစ်တွင် (  Take a stand for teachers ) ဆရာများအတွက် ရပ်တည်ကြ ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ ဒုက္ခသည် စခန်းရှိ ပြည်သူများ အားလုံးနဲ့ အဖွဲ့ အစည်းတွေအားလုံး ပူပေါင်းလုပ်ဆောာင် ခဲ့တာဖြစ် တယ်လို့လဲ ပညာရေး တာဝန်ရှိသူ စောဖိုးတိုးလိုးက ပြောပါတယ်။

သူက“  ဒီနှစ်မှာ က ဆောင်ပုဒ်နဲ့ အညီပေါ့နော် ZOA နဲ့ကျောင်းသားမိဘ တွေအားလုံး ပူးပေါင်း ပြီး မ ကျောင်းဆရာ၊ ဆရာမတွေကို  ဂုဏ်ပြုခဲ့ ကြတယ် ဟု” ပြောပါတယ်။

ဒုက္ခသည် စခန်းများ အတွင်းရှို ကျောင်းဆရာ၊ဆရာမ များအာလုံးသည်  အစိုးရ ၀န်ထမ်း ကျောင်းဆရာ များထက် ပိုပြီး ခက်ခဲ့ ခဲခဲ  ပညာသင်း ပေးရတယ်လို့လဲ သူကဆက်ပြောသွားပါတယ်။

ဒီလို ကျောင်းဆရာများကို ဂုဏ်ပြုတဲ့ အတွက် အရမ်းကို ၀မ်းမြောက်ဝမ်းသာ ဖြစ်မိတယ်လို့ အမှတ် (၁) ကော်မူးရာ အထက်တန်း ကျောင်အုပ်  ဆရာမကြီး နော်မူးဒေးကဲ ကပြောပါတယ်။

သူမက“ အခုလို စခန်းထဲ က အဖွဲအစည်းတွေနဲ့ မိဘတွေက ပူပေါင်းပြီး ဂုဏ်ပြုကြလို့ အရမ်းဝမ်းသာတယ် ဒါကလဲ စည်းလုံးမှုကို ပြတာပဲ လေဟု” ပြောပါတယ်။ 

ကျောင်းဆရာ များအတွက် မိဘများသည် မရှိမဖြစ်သော သူများဖြစ်ကြပြီး သူတို့ရဲ့ အကူအညီ များကြောင့်လဲ စာကောင်းကောင်း သင်နိင်ကြတာဖြစ်တယ်လို့ သူမက ဆက်ပြောသွားပါတယ်။

ထိုပွဲအား အုန်းဖျန်း စခန်းရှိ ကျောင်းဆရာပေါင်း ၂၆၃ ယောက်တက်ရောက်ခဲ့တယ်လို့လဲ သိရပါတယ်။
ကမ္ဘာ ဆရာများ နေ့ကို မယ်လ အပါအ၀င် ကျန်စခန်းများ အသီးသီးကလဲ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျင်းပခဲကြတယ် လို့လဲသိရပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ