Saturday, October 13, 2012

အုန်းဖျန်း၊ကရင်ဒုက္ခသည်စခန်း မှာမိုးကြီးစွားရွာသွန်းခဲလို့ စာသင်ကျောင်းများ အားလုံး ပိတ်ထား

၂၀၁၂ ခုနှစ်၊အောက်တိုဘာလ ၁၁ ရက်၊စောဖိုးထူး (KSNG)

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ်ရှိ အုန်းဖျန်းကရင်ဒုက္ခသည်စခန်းတွင် အောက်တိုဘာလ ၈ ရက်နေ့က စပြီး မိုးများ အဆက် မပြတ် ရွာသွန်းကာ လေပြင်းများ နဲ့ မြူခိုးများ ထူထပ်စွာကျရောက် တဲ့အတွက် စခန်းရှိ စာသင်ကျောင်းများကို ပိတ်ထာ ရတယ်လို့ သိရပါတယ်။
 

မိုးများ နဲ့ လေပြင်းများ ကျရောက်မှုကြောင့် ကျောင်းသူကျောင်း သားများအတွက် သွားလာရေး စိုးရိမ်မှုရှိ တဲ့အတွက် ကျောင်း ၂ ရက်ခေတ္တပိတ် ထားလိုက်ရတယ်လို့ အုန်းဖျန်စခန်းမှ ကော်မတအဖွဲ့ဝင် တဦး ဖြစ်သူ စောဘောမဲ ကအခုလိုပြောပါတယ်။

သူက “ဒီတရက်နှစ်ရက်အတွင်း မိုးတအားရွာတယ်လေ သစ်ကိုင်းတွေ ကျိုးကျတာလဲရှိတယ် အဲဒါကြောင့်ကျောင် သားတွေအတွက် အရမ်းစိုးရိမ် ရလို့ ကျောင်း၂ ရက်ပိတ်ထား ခိုင်တာပါ ဟု” ပြောပါတယ်။

တနလာင်္နေ့ မနက်ပိုင်း ၁ နာရီလောက်မှာ မိုးကြီးတွေ စရွာတာဖြစ် ပြီး ရပ်ကွက် (၂ ) ဖက်မှာ မြေပြို တာတွေဲ ရှိ ပြီး ရုံးဝန်ထမ်း များအတွက်လဲ သွားရေးလာရေးအခက်အခဲ အနည်းငယ် ရှိတယ်လို့ သူက ဆက်ပြောသွားပါတယ်။  

အပြင်မှာ လေပြင်းကလည်းတအာတိုက်ပြီး ဘာမှလဲ မမြင်ရဘူး အပြင်လဲ မထွက်ရဲပဲ မိမိအိမ်း ထဲမှာသာ နေနေရ တယ်လို့ အုန်းဖျန်စ ခန်းမှ အမှတ် (၁) ကော်မူးရာ အထက်တန်း ကျောင်အုပ်  ဆရာမကြီး နော်မူးဒေးကဲ ကပြောပါတယ်။ 

သူမက“အပြင်မှာဆို လေတွေအတအားတိုက်တယ်အရမ်းလဲချမ်းတယ် ပြီးတော့မှောင်မဲ နေတာပဲ နေ၊ လတွေ တောင်မမြင် ရဘူး ဟု”ပြောပါတယ်။အောက်တိုဘာ ၈ ရက်မှ ၉ ရက်နေ့ အထိ စာသင်ကျောင်းများ အားလုံးပိတ် ထားရတယ် လို့လဲသူက ဆက်ပြောသွားပါတယ်။ 

ညဘက် ဆိုရင် အေးလွန်းလို့ စာကောင်းကောင်း ကြည့်လို့လဲ မရ ဖြစ်ကာ  ထိုမိုးများနဲ့ လေ ပြင်းများ ခိုက်မှုကြောင့် အဖျား လဲတက်တယ်လို့ အမှတ် (၂) ဒူးပလာယာ အထက်တန်း ကျောင်း မှ( ၁၀ )တန်းကျောင်းသူလေး နော်အယ်သယူနာ ကပြောပါတယ်။ 

သူမက“ အေးလွန်းလို့ စာတောင် မကြည့်နိင်ဘူး ကျမဆိုရင် အဖျားတောင်တက်တယ် အခုထိပဲ ဟု” သူမကပြောပါတယ်။ 

စက်တင်ဘာလ ၁၀ နေ့တွင် ပိတ်ထာသော ကျောင်းများအားလုံးကို ကျောင်ပြန်တက်ခိုင်းထားသော်လည်း အမှတ် (၁) ကျောင်းမှ အထက်တန်းကျောင်း တခုထဲသာ ပြန်လည် တက်ရောက် ခဲ့ပြီး ကျန်မူလတန်းနဲ့ အလယ်တန်းများ အားလုံးကို ပိတ်ထားဆဲ ဖြစ်တယ်လို့လဲ သိရပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ