Monday, November 12, 2012

ကရင်ဒုက္ခသည်များကော်မတီအဖွဲ့မှ ခေတ်မှီတဲ့ ရွေးကောက်ပွဲပြုလုပ်သွားမည်

နိုဝင်ဘာ 12,2012 စောလခင်မှူး  (KSNG)

ိုင်း-မြန်မာနိုင်ငံနယ်စပ် အခြေစိုက် ကရင်ဒုက္ခသည်စခန်း ()ခုကို ဦးဆောင် ညွှန်ကြား နေတဲ့ ကရင်ဒုက္ခသည်များ ကော်မတီ KRC ကမကြာခင်ကျင်း ပတော့ မည့်  
ရွးကောက်ပွဲကို ယခင်နှစ်များနဲ့ မတူဘဲ ခေတ်မှီတဲ့ ဒီမိုကရေစီနစ်ကျကျ ကျင်းပသွားမယ်လို့ သိရပါတယ်။

ယခင်နှစ်များက ကျင်းပပြုလုပ်တဲ့ KRCရဲ့ ရွေးကောက်ပွဲဟာ ရွေးကောက်ခံမယ့်ကိုယ်စားလှယ်တွေကို စခန်းတာဝန်ရှိသူမှ
တိုက်ရိုက်ညွှန်ကြားမှုဖြင့် ၀င်ရောက်အရွေးနိုင်ပေမယ့်လည်း ယခုကျင်းပမယ့်ရွေးကောက်ပွဲမှာတော့ တက်လာမယ့်ကိုယ်စားလှယ်ခေါင်းဆောင်တွေကို ဒုက္ခသည်စခန်းထဲမှ ရပ်ကွက်တခုခင်းမှ တဆင့်ပြီး တဆင့် ဦးဆုံးရွေးချယ်ပြီးမှ ၀င်ရောက်အရွေးခံနိုင်မှာဖြစ်တယ်လို့ KRC က ပြောပါတယ်။

ဒုက္ခသည်စခန်းမှရှိတဲ့ ပြည်သူတွေအားလုံး  မဲထည့်နိုင်ဖို့အတွက် အခု လာမယ့် KRC ရွှေးကောက်ပွဲကို Democracy ရွေးကောက်ပွဲနစ်ကျကျဖြင့် ကျင်းပပြုလုပ်ရတာဖြစ်တယ်လို့ KRC ရဲ့ အတွင်းရေးမှူး စောဂျွန်က ပြောပါတယ်။

KRC ရဲ့ရွှေကောက်ပွဲကို ကရင်ဒုက္ခသည်စခန်းစတည်ချိန်ကစပြီး ပြောင်းလဲလာတာ ရှိသေးဘူး။ အရင်က ခေါင်းဆောင်ရွေးချယ်မှုမှာ တိုက်ရိုက်ညွှန်ကြားပြီး ရွေးလို့ရတယ်။ အခုကျတော့ ဒီလိုမဟုတ်တော့ဘူး။ ဒီမိုကရေစီနစ်ကျကျလုပ်သွားမယ်။ သွားလာရေး အခက်အခဲရှိတဲ့အတွက်  မဲလာပေးတဲ့လူတွေကို ပြည်သူတွေကိုယ်စားအဖြစ် မဲပေးနိုင်အောင် ကျနော်တို့ စီစဉ်ပေးသွားမယ်”လို့ သူကပြောပါတယ်။

KRC ကော်မတီဝင် ရွေးချယ်တင်မြောက်ရန်အတွက် စခန်း (၇)ခုမှ ကိုယ်စားလှယ် ၂ဦးစီပါဝင်တဲ့ ရွေးကောက်ပွဲကော်မရှင် ၂၁ဦးကို အရင်ဆုံး ဖွဲ့သွားမှာဖြစ်ပါတယ်။

အဲဒီအပြင် စခန်းတစ်ခုစီမှ ၀င်ရောက်အရွေးခံမယ့် ကိုယ်စားလှယ်များကိုလည်း အခုလ ၃ရက်နေ့က စတင်လုပ်ဆောင်နေပြီးလို့ ထမ့်ဟင်ဒုက္ခသည်စခန်းမှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရသူ စောအိုချေးက ပြောပါ တယ်။

သူက ကျနော်တို့ မဲဆောက်မှာ သင်တန်းတက်ရောက်ပြီးပြီးချင်းချင်းမှာပဲ စခန်းကော်မတီ၊ COC ကော်မတီ၊ ရပ်ကွက်မှူးတို့နဲ့ ပြန်လာတွေ့ဆုံပြီး ကေအာရ်စီရွေးကောက်ပွဲ ၀င်မယ့် ကိုယ်စားလှယ်() ဦးကို ပဏမအဆင့် ရွေးချယ်လိုက်တယ်။ နောက်ပြီး အဲဒီလူတွေထဲမှာ ဘယ်သူက သင့်တော်လဲ မသင့်တော့လဲ ဆိုတာကို ကျနော် သူတို့နဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲဝင်မယ့်သူဟာ ဘယ်လိုအရည်အချင်းမျိုးလိုအပ်သလဲဆိုတာတွေကို အကြံပြုခဲ့တယ်” လို့ပြောပါတယ်။

(KRC)ရွေးကောက်ပွဲမှာ လာရောက်အရွေးခံမယ့် စခန်းအသီးသီးမှ ကိုယ်စားလှယ်တွေကို အဆင့် (၃)ဆင့် သတ်မှတ်ထားပြီး  လူဦးရေစခန်းထူထပ်တဲ့ စခန်းမှ  ကိုယ်စားလှယ် ၈ဦးမှာ အနည်းဆုံး အမျိုးသမီး ၃ဦးပါဝင်ဖို့၊ လူဦးရေ အလယ်အလတ်ရှိတဲ့ စခန်းမှ ကိုယ်စားလှယ် ၆ဦး နဲ့ စခန်းငယ်မှ ကိုယ်စားလှယ် (၃)ဦးဆိုပြီး သတ်မှတ်ထားပါတယ်။

ယခု KRC ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ၀င်ရောက်အရွေးခံမယ့် မယ်လဒုက္ခသည်စခန်းမှ ကိုယ်စားလှယ်  စောအောင်လှကြည်က သူ့ရဲ့အမြင်ကို အခုလို ပြောပါတယ်။

ယ္ခင်ခေါင်းဆောင်ပိုင်းရွေးချယ်တင်မြောက်မှမှာ များသောအားဖြင့် (KRC) ခေါင်းဆောင်များနှင့်လဲမတွေ့ဆုံ မသိကျွမ်းခဲ့ကြရပါ၊ ယ္ခုရွေးချယ်မှုမှာဒီမိုကရေစီကျကျ အများပြည်သူရဲ့ ဆန္ဒနဲ့အရွေးချယ်ခံရပြီး လုပ်ဆောင် ချက်လမ်းစဉ်တွေကို ရှိနားလည်ပြီး လုပ်ဆောင်ချက်အကျိုးပြုပုံမှာ အပြန်အလှန်အထောက်အကူရရန်ဖြစ်ပါဖြစ်ပါတယ်။သုံးသပ်သွားပါတယ်။

၃နှစ်တစ်ကြိမ် ကျင်းပပြုလုပ်တဲ့ ကရင်ဒုက္ခသည်များကော်မတီ (KRC) ရဲ့ ရွေးကော်ပွဲကို လာမယ့်၂၀၁၃ခုနှစ် ဇန်န၀ါရီလ ၁၇ရက်နေ့မှာ ကျင်းပပြုလုပ်မှာဖြစ်မှာဖြစ်ပါတယ်။
ယခုရွေးကောက်ပွဲတစ်လျှောက်လုံးမှာ ဘတ်ငွေ ၁၅သိန်း အကုန်ကျခံမှာဖြစ်ပြီး ကုန်ကျစရိတ်တွေအားလုံးကို ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအသင်း (TBBC) မှ ထောက်ပံ့ပေးမယ်လို့ သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် မြန်မာဒုက္ခသည်စခန်း ၉ခုအနက်မှ ၇ခုမှာ ကရင်ဒုက္ခသည်များကော်မတီ (KRC)မှ ဦးဆောင် ညွှန်ကြားလျှက်ရှိသည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ