Monday, November 12, 2012

စစ်ပွဲများ ဆက်လက်ဖြစ်ပွားမှုကြောင့် ပလောင်အမျိုးသမီးနှင့် ကလေးငယ်များ အတိဒုက္ခရောက်


နိုဝင်ဘာ စောလခင်မှူး(KSNG)

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ပလောင်ဒေသတွင်းမှာ အစိုးရစစ်တပ်နဲ့ တိုင်းရင်းသား လက်နက် ကိုင်တပ် ဖွဲ့တို့အကြား စစ်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် တအာင်း(ပလောင်) အမျိုးသမီးနဲ့ ကလေး သူငယ်တွေ အတိဒုက္ခရောက် နေရတယ်လို့ပလောင်အမျိုးသမီးအစည်းအရုံး ( PWO)ကပြောပါတယ်။

အခုလ နိုဝင်ဘာ ၅ရက်နေ့ကထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာပြုလုပ်တဲ့ ပလောင်အမျိုးသမီး အစည်းအရုံးမှထုတ်ပြန်တဲ့စစ်ပွဲ၏၀န်ထုပ်ဝန်ပိုးလို့ အမည်ပေးထားတဲ့ အစီရင်ခံစာရှင်းလင်းပွဲ အခမ်းအနားမှာ အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

အစီရင်ခံစာဖြစ်မြောက်ရေးအတွက် ကိုယ်တိုင်ကွင်းဆင်း စစ်တမ်းကောက်ယူခဲ့သူ လိုည်းပိုးညိုဝ်းက “စစ်ပွဲကြောင့် ရွှေ့ပြောင်းနေထိုင်ရတဲ့ အမျိုးသမီးတွေဆိုလို့ရှိရင် ဘယ်လိုမှ ဘ၀အာမခံချက်မရှိဘူး။ ဘာဖြစ် လို့လဲဆိုတော့ အစိုးရစစ်တပ်ကနေပြီး အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုတွေရှိတယ်။ ကျမတို့ လေ့လာတွေ့ရှိချက်တွေမှာ တွေ့ရတယ်။ ဒါ့အပြင် စစ်ပွဲကြောင့် ကလေးတွေဟာလည်း ဘယ်လိုမှ ကျောင်းဆက်လက်မတက်နိုင်တော့ပဲနဲ့ ကျောင်းထွက်လိုက်ရတဲ့ ကလေးတွေ အများကြီးရှိတယ်။ ”လို့ ပြောပါတယ်။

၂၀၁၁ခုနှစ်မှ စပြီး မန်တုန်နဲ့  နမ့်ခမ်းမြို့နယ်တွေမှာ အစိုးရစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရှမ်းပြည်တပ်မတော် -မြောက်ပိုင်း SSA-N ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့အကြား ဖြစ်ပွားတဲ့ စစ်ပွဲတွေကြောင့် ပလောင်ပြည်သူ ,၀၀၀ကျော် တစ်ခြားတစ်နေရာသို့ ပြောင်းရွှေ့ ခဲ့ရသလို လက်ရှိအခြေအနေမှာလည်း ကွတ်ခိုင်၊ နမ့်ဆန်၊ ကျောက်မဲ၊ မန်တုံ၊ နမ္မတူ နေရာတွေမှာ စစ်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် မုံစီးနဲ့ ကွတ်ခိုင် ဒေသအတွင်း ရွှေ့ပြောင်းနေထိုင်လာသူ ဒုက္ခသည် ဦးရေ ၅၀၀ကျော် ထပ်တိုးလာတယ်လို့PWO ကဆိုပါတယ်။

အစိုးရစစ် တပ်မှ အခုလို ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်တဲ့ တပြိုင်နက်တည်းမှာပဲ ပလောင်ဒေသရှိ ပြည်သူ တွေဟာ ဖမ်းဆီးညှင်းပမ်းနှိပ်စက်ခံရတာ၊ အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရတာ၊ သတ်ဖြတ်ခံရတာ၊ ပေါ်တာ လိုက်ခိုင်းတာ၊ကျွဲ၊ နွား တိရစ္ဆာန်များ လုယက်ခံရတာတွေ ကြုံတွေ့နေရတယ်လို့ ပလောင်အမျိုး သမီး အစည်းအရုံးက ပြောပါတယ်။

ဒါ့အပြင် မြို့နဲ့အလှမ်းဝေးကွာတဲ့ တွန်ဟုမ်းနဲ့ကွတ်ခိုင် ဒုက္ခသည်စခန်းတို့မှာ နေထိုင်တဲ့ ပြည်တွင်း ဒုက္ခသည်တွေဟာ ရိက္ခာ၊ ဆေးဝါးကုသမှု၊ အမိုး အကာလုံခြုံမှု စတဲ့ ထောက်ပံ့မှုတွေကို  လိုအပ်နေပေမယ့်လည်း အစိုးရစစ်တပ်မှ အကူအညီပေးမယ့် အစိုးရမဟုတ်သော အဖွဲ့အစည်းတွေကို ပိတ်ပင်တားဆီးမှုလုပ်ဆောင်နေတယ်လို့ PWOပြောပါတယ်။

“တွန်ဟုမ်းရွာမှာဆိုလို့ရှိရင် တရွာလုံးနီးပါးဖျားတယ်ဒါပေမယ့် Paracitamol တစ်လုံး တောင်မှမရှိဘူး ဘယ်နေရာမှာရနိုင်မလဲဆိုတာကိုလည်းအစိုးရကထောက်ပံ့တဲ့ဆေးပေးခန်းတွေလည်းမရှိသလို ကျေးလက်ဆေး
 ပေးခန်းတွင်လည်းမရှိပါဘူး။ အဲဒီအခါကြတော့ ကျမတို့ဒေသမှာရှိ ဒုက္ခသည်တွေရဲ့အခြေအနေက အရမ်း
ကိုဆိုးရွားနေတယ်”လိုည်းပိုးညိုဝ်းက ပြောပါတယ်။

အစိုးရအနေဖြင့် နိုင်ငံတကာနဲ့ ပြည်တွင်းအစိုးရမဟုတ်တဲ့(အန်ဂျီအို)အဖွဲ့တွေကို ပြည်တွင်း ဒုက္ခသည်စခန်းတွေမှာ လွတ်လပ်စွာ သွားရောက်ခွင့်နဲ့ အကူအညီများ ပေးခွင့်ပြုပေးဖို့၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော်ဆောင်ဖို့နဲ့အဓိပ္ပာယ်ရှိတဲ့ နိုင်ငံရေးအရ ဆွေးနွေးပွဲတွေစတင်ကျင်းပဖို့နဲ့ နိုင်ငံတကာအသင်း အ၀ိုင်းအနေနဲ့လည်း တိုင်းရင်းသားလူမျိုးစုဒေသရှိ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေရောက်အောင် မြန်မာအစိုရကို ဖိအားပေးဖို့ကိုလည်း PWOကတောင်းဆိုလိုက်ပါတယ်။ 

ပလောင်အမျိုးသမီးတွေရဲ့ ဘ၀အဆင့်အတန်းတိုးတက်မြင့်မားဖို့၊ နိုင်ငံရေးအအခန်းကဏ္ဍမှာ ပါဝင်လာစေဖို့၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံနဲ့ အကြမ်းဖက်မှုတွေအားလုံးပပျောက်ရေးအတွက်တက်ကြွစွာ လှုပ်ရှားဖို့ ရည်ရွယ်ပြီး ပလောင်အမျိုးသမီးအစည်းအရုံး(PWO)ကို ၂၀၀၀ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ