Thursday, December 13, 2012

လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေ KNU စိုးရိမ်

ဒီဇင်ဘာလ ၁၃ရက်။ ၂၀၁၂ခုနှစ် စောလခင်မှူး (KSNG)

မြန်မာနိုင်ငံအစိုးရမှ တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်း
ချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် ကြိုးပမ်းဆောင်
ရွက်နေတာကို ကြိုဆိုခဲ့သော်လည်း ပြည်သူလူ
ထုတွေအပေါ် အကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေးချိုး
ဖောက်မှုတွေကို လွန်စွာ စိုးရိမ်မိကြောင်း ကေ
အဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ဒီဇင်ဘာ
လ ၄ရက်နေ့ရက်စွဲဖြင့် သဘောထားထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။


လတ်တလောဖြစ်ပေါ်နေတဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီ
စီမံကိန်း လူထုလှုပ် ရှား မှုကို အာဏာပိုင်တို့မှ အကြမ်းဖက်နှိမ်နင်းဖြိုခွဲတဲ့ ဖြစ်ရပ်ဟာ
လုံးဝမဖြစ်သင့်ကြောင်း ၊ ဒါ့အပြင် ကချင်ပြည်နယ် အတွင်း ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေကို
ရပ်ပြီး ငြိမ်းချမ်းရေးပေါ်ထွန်းလာစေရန် ကြိုးပမ်းဆောင်ရွက်နေစဉ် မြန်မာ စစ်တပ်ထိုး
စစ်အရှိန်မြင့်လာမှုနဲ့ ထွက်ပြေးတိမ်းရှောင် လူထုခိုလှုံတဲ့ နေရာများကိုပါ မီးရှို့ဖျက်ဆီး
နေတာတွေ ဖြစ်ပေါ်နေလျှက်ရှိတယ်လို့ KNU ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ရက်နေ့ မနက် ၃နာရီအချိန်မှာ မုံရွာမြို့နယ်၊ လက်ပံတောင်း
တောင် ကြေးနီ စီမံကိန်းရပ်တန့်ရေးအတွက် သံဃာတော်နဲ့ လူထုများ သပိတ်စခန်း
ဖွင့်ပြီး ဆန္ဒပြထုတ်ဖော်မှုမှာ အစိုးရ ရဲတပ် ဖွဲ့မှ ၀င်ရောက် အကြမ်းဖက်ဖြိုခွဲမှုကြောင့်
သံဃာတော် ၇၀ပါးနဲ့ ပြည်သူ ၅ဦးဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီအကြမ်းဖက်နှိမ်နင်းမှုနဲ့ပတ်သက်ပြီး တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား
တပ်မတော်(ဒီကေဘီအေ)နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)တို့က
လည်း အစိုးရလုပ်ရပ်အပေါ် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ