ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံကို သွယ်တန်းဖောက်လုပ်နေတဲ့ ရွှေသဘာဝဓါတ်ငွေ့နဲ့ ရေနံပိုက်လိုင်းကြောင့် ဒေသခံလူထုရဲ့ ခြံမြေဧကပေါင်း ၁ သောင်းကျော် သိမ်းဆည်းခံရတဲ့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေရတယ်လို့ တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး TYSO က ပြောသည်။
TSYO အဖွဲ့ဝင် တစ်ဦးဖြစ်သူ မိုင်းအေဲမ်းညိုဝ်းက“ လယ်ယာ၊ ခြံမြေတွေကို ယာယီသိမ်းတဲ့ ပုံစံနဲ့ သိမ်းတာရှိသလို အပိုင်သိမ်းတဲ့ ပုံစံမျိုးဆိုပြီး သိမ်းတာလည်းရှိတယ်။ ဒေသခံရွာသားတွေက သူတို့လယ်ထဲကို စီမံကိန်းအလံတွေ စိုက်ထူတာကို တွေ့မှ လယ်အသိမ်းခံလိုက်ရတယ်ဆိုတာသိရတယ်။ တစ်ချို့က လျော်ကြေးအနည်းငယ်ရပေမယ့် တစ်ချို့က ဘာမှ မရဘူး” လို့ မကြာသေးခင်ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အဲဒီ ရွှေသဘာဝဓါတ်ငွေ့နဲ့ ရေနံပိုက်လိုင်း စီမံကိန်းအစီအစဉ်ကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မန်တုံ၊ ကျောက်မဲ၊ နမ္မတူနဲ့ နမ့်ခမ်းဒေသတွေမှာ ပလောင်ပြည်သူတွေ ပိုင်ဆိုင်တဲ့ လယ်ယာ၊ ခြံမြေ တွေသိမ်းဆည်းခံရပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတဲ့ အကြောငိးကု တအောင်းကျောင်းသားနှင့် လယ်များ အစည်းအရုံးက “ ပိုက်လိုင်း အိပ်မက်ဆိုး”အမည်ရတဲ့ အစီရင်ခံစာကို နိုဝင်ဘာလ ၇ရက်နေ့မှာပဲ ဘန်ကောက်နဲ့ မဲဆောက်မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
ပိုက်လိုင်းသွားရာလမ်းကြောင်းတလျှောက် ထိစပ်ဒေသတွေမှာ အစိုးရစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်တို့ အကြားတိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်ပေါ်နေတာကြောင့် နမ္မတူ၊ မန်တုံနဲ့ နမ့်ခမ်းဒေသတွေမှာ တအာင်း ဒုက္ခသည် တထောင်ကျော်ခိုလှုံနေထိုင်နေရတယ်လို့ TSYO က ဆိုတယ်။
အဲဒီအပြင် ဒေသတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပေါ် ဖိအားပေးဖို့၊ ပိုက်လိုင်းစီမံကိန်းနဲ့တရုတ်အလုပ်သမားတွေအတွက် လုံခြုံရေးပေးဖို့ဆိုပြီး အစိုးရစစ်တပ်မှ စစ်တပ်စခန်း ၂၆ ခုအထိ ချထားတယ်လို့
TSYO က ဆက်ပြောပါတယ်။
မြန်မာနိုင်ငံအနောက်ဘက်ကမ်းရိုးတန်း ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ကို သွယ်တန်းဖောက်လုပ်နေတဲ့ ရွှေသဘာဝဓါတ်ငွေ့နဲ့ ရေနံပိုက်လိုင်းကို မကွေးတိုင်း၊ မန္တလေးနဲ့ ရှမ်းပြည်နယ်တွေမှာ ဖြတ်သန်းခဲ့ရပါတယ်။ လက်ရှိအချိန်မှာ ဖောက်လုပ်သွယ်တန်းမှု ၇၀ရာခိုင်နှုန်းနီးပါး ပြီးစီးနေပြီးလို့ TSYO က ပြောပါတယ်။
No comments:
Post a Comment