Thursday, December 13, 2012

BGF မလုပ်နိုင်သဖြင့်ရွာသားတစ်ချို့ ဒဏ်ငွေဆောင်ရ


ဒီဇင်ဘာလ ၁၃ရက်။ ၂၀၁၂ခုနှစ် (စောလခင်မှူး )(KSNG)

ကရင်ပြည်နယ်၊မြ၀တီမြို့နယ်၊  ထီးဝါ့ ပလောကျေး 
ရွာမှာကရင် နယ်ခြားစောင့်  တပ် (BGF)မှ တပ်သား  
သစ်များ သွားရောက်စုဆောင်းရာမှာ မသွားနိုင် တဲ့ရွာသားတစ်ချို့ဟာဘတ်ငွေ၁သောင်း စီဒဏ်ငွေအဖြစ်ပေးဆောင်ခဲ့ရတယ် 
လို့ဒေသခံရွာသားတွေကပြောပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလဒုတိယအပတ်မှာအမှတ်()တိုက်နယ်မှူးဗိုလ်မှူးကြီးစောချစ်သူကိုယ်တိုင်
ထီးဝါ့ပလောကျေးရွာသို့တပ်သားသစ်များလာရောက်စုဆောင်းရာမှာသတ်မှတ်ထားတဲ့၁၅ဦး
မပြည့်မီပဲ၈ဦးသာရရှိတာကြောင့်အခုလိုဒဏ်ငွေပေးဆောင်ရတာဖြစ်တယ်လို့အမည်မဖော်လို
သူထီးဝါ့ပလောရွာသူတစ်ဦးကပြောပါတယ်။

သူမBGF တပ်သားသစ်စုဆောင်းမှုမှာအမည်ပါတဲ့ကလေးတစ်ယောက်ကဒီနှစ်မှာ ပဲကိုရင် ၀တ်ကနေလူဝတ်လဲတယ်။စစ်သားမလုပ်ရဲလို့ပိုက်ဆံပေးရမယ်။ဒါပေမယ့်ပိုက်ဆံကမ ရှိတော့သစ်အငှားသွားထမ်းရတယ်။သူ့အမေကျတော့သူ့သားကိုကူညီဖို့အတွက်ဝက်လေး တစ်ကောင်ရောင်းမယ်လို့ပြောတယ်။ကျန်တဲ့လူတွေလည်းအဲဒီလိုပဲလို့ပြောပါတယ်။

ဗိုလ်မှူးကြီးစောချစ်သူလာရောက်စုဆောင်း၍ရခဲ့သောအဲဒီရွာသား၈ဦးဟာလွန်ခဲ့တဲ့ ၂၀၀၈-၂၀၀၉ခုနှစ်ကတည်းကတိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်-ဒီကေဘီအေတပ်သားအဖြစ်စုဆောင်းခံခဲ့ရသူတွေဖြစ်သလိုအများစုကအိမ်ထောင်ရှိ
သူတွေဖြစ်တယ်လို့သိရပါတယ်။

ကရင်ပြည်နယ်၊မြ၀တီမြို့နယ်မှာနယ်ခြားစောင့်တပ်အမှတ်()တိုက်နယ်မှူးဗိုလ်မှူးကြီးစော ချစ်သူဦးဆောင်တဲ့၁၀၁၇၊၁၀၁၈၊၁၀၁၉နဲ့၁၀၂၀စတဲ့တပ်ရင်းတို့အခြေချလှုပ်ရှားလျှက်ရှိပါတယ်။ 

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ