Thursday, December 13, 2012

စက်လှေတိမ်းမှောက်၍ဒုက္ခသည်၂ဦးသေဆုံးခဲ့

ဒီဇင်ဘာလ ၁၃ရက်။ ၂၀၁၂ခုနှစ် (စောလခင်မှူး )(KSNG)

ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်တစ်နေရာမှာ စက်လှေတစ်စင်းတိမ်းမှောက်သွား၍စက်လှေ 
ထဲလိုက်ပါ လာ သူမယ့်စရင်း ယန်းမြို့နယ် ရှိမယ်လအူးဒုက္ခသည်စခန်းမှဒုက္ခသည်နှစ် ဦးရေနစ်သေဆုံးသွားခဲ့တယ် လို့သိရှိရပါတယ်။ 

နိုဝင်ဘာလ၁၉ရက်နေ့ကမယ်လအူးဒုက္ခသည်စခန်းမြောက်ဘက်ရှိဟိုကေဒေသသို့သွားမယ့်ခရီး
သည်၁၉ဦးပါရှိတဲ့အဲဒီစက်လှေတစ်စင်းဟာသံလွင်မြစ်၊မဲ့ခေါင်ကင်းနေရာအရောက်မှာစက်လှေ
တိမ်းမှောက်သွားတာဖြစ်ပါတယ်။စက်လှေထဲမှာကရင်အမျိုးသမီးအစည်းအရုံး(KWO)အဖွဲ့
ဝင်နော်နေဆဲဝါး၂၄နှစ်နဲ့မယ်လအူးစခန်းမှဆယ်ကျော်သက်အရွယ်ကျောင်းသားတစ်ဦးသေဆုံး
ခဲ့တယ်လို့မယ်စရင်းယန်းမြို့ရှိKWOတာဝန်ရှိသူတစ်ဦးဖြစ်တဲ့နော်လူးလူကပြောပါတယ်။

သူမကတိမ်းမှောက်သွားတဲ့စက်လှေထဲမှာအစကတော့ကရင်အမျိုးသမီးအစည်းအရုံးအဖွဲ့ဝင်
တစ်ယောက်ထဲပဲသေသွားတယ်လို့ထင်ခဲ့ကြတယ်။ဒါပေမယ့်နောက်မှသေတဲ့အထဲမှာကျောင်း
သားတစ်ယောက်ပါတယ် လို့ပြောပါတယ်။

စက်လှေတိမ်းမှောက်၍သေဆုံးသူ၂ဦးထဲမှာဆယ်ကျော်သက်အရွယ်ကျောင်းသားရဲ့အလောင်းကိုနို
ဝင်ဘာလ၂၂ရက်နေ့ကပြန်ဆယ်ယူလို့ရပေမယ့်လည်း KWOအဖွဲ့ဝင်ရဲ့အလောင်းကိုတော့အခုချိန်
ထိရှာမတွေ့သေးကြောင်း  KWOကပြောပါတယ်။

တိမ်းမှောက်သွားတဲ့စက်လှေထဲမှာဆန်အိတ်မြောက်များစွာတင်ဆောင်ထားတဲ့အပြင် ခရီးသည် ၁၉ဦးပါဆက်လက်တင်ဆောင်သေးသဖြင့်တိမ်းမှောက်သွားရတာဖြစ်တယ်လို့ဆိုပြီး စက်လှေပိုင် ရှင်ကိုအရေးယူပေးဖို့အခုချိန်မှာနော်နေဆဲဝါးရဲ့ဖခင်ကသက်ဆိုင်ရာစခန်း တာဝန်ရှိသူတွေကို တိုင်ကြားထားတယ်လို့ KWOကပြောပါတယ်။

ထိုင်းနိုင်ငံ၊မယ်ဟောင်ဆောင်ခရိုင်၊မယ်စရင်းယန်းမြို့ရဲ့အနောက်ဘက်ခြမ်း၅၀ကီလိုမီတာအကွာ အဝေးရှိမယ်လအူးဒုက္ခသည်စခန်းမှာလူဦးရေ၁သောင်း၅ထောင်ကျော်နေထိုင်လျှက်ရှိပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ