ဒီဇင်ဘာလ ၁၃ရက်။ ၂၀၁၂ခုနှစ် စောလခင်မှူး (KSNG)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊
ဘုရား သုံးဆူမြို့မှာ ပြီးခဲ့တဲ့ အပတ်ကဖောက် ထွင်းမှုဖြင့် မသင်္ကာဖမ်းဆီးခံရသူတစ်ဦး သက် ဆိုင်ရာ ရဲတပ် ဖွဲ့ရဲ့ ဖမ်းဆီးစစ်ဆေးခံရစဉ်
အတွင်း ဒဏ်ရာများ နဲ့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ အမှတ် (၁)ရပ်ကွက်နေ ဦးသိန်းမြင့်(ခ)ဦးသားငယ် (၄၇)နှစ်ဟာ အမှတ်(၂)
ရပ်ကွက်မှာ ကားပစ္စည်းအရောင်းဆိုင်တစ်ဆိုင်မှ ဖောက်ထွင်းမှုကိစ္စနဲ့ပတ်သက်ပြီး
မသင်္ကာမှုဖြင့် နိုဝင်ဘာလ ၂၈ရက်က ဖမ်းဆီးခေါ်ဆောင်ခံရပြီး အမှုမှန်မပေါ်ပဲ ဒီဇင်
ဘာလ ၁ရက်နေ့မှာ ဒဏ်ရာနဲ့သေဆုံးခဲ့ရတာဖြစ်တယ်လို့ ညီအစ်ကို ၀မ်းကွဲတော်သူ
ဦးစံသင်းက ပြောပါတယ်။
သူက “ရပ်ကွက်လူကြီးက မသိဘဲ ရဲကလာခေါ်သွားတယ်။ ကျတော်တို့ကိုလည်းဘာမှ
အကြောင်းမ ကြားဘူး။ ကျနော့်ကို ပြောတဲ့အချိန်မှာတော့ သေတဲ့အချိန်ဖြစ်နေတယ်။
ကင်မရာ ရိုက်ခွင့်လည်းမရဘူး၊ ဒဏ်ရာတွေနဲ့ ဓါတ်ပုံရိုက်ချင်ပေမယ့် ရိုက်ခွင့် မရတဲ့အ
ခါကျတော့ ကျနော်က ဥပဒေ အကြောင်း နားမလည်လို့ ဒီအတိုင်းကြည့်ခဲ့ရတယ်။ ကျ
နော်မကျေနပ်ဘူး။ လို့ ပြောပါတယ်။
သေသုံးသူ ဦးသိန်းမြင့်(ခ)ဦးသားငယ်ဟာ နှလုံးရောဂါအခံကြောင့် သေဆုံးသွားတာဖြစ်
တယ်လို့ အာဏာပိုင်ရဲတပ်ဖွဲ့ဘက်မှ ပြောဆိုနေသော်လည်း မိသားစုဝင်ဘက်က အမှု
မှန် ပေါ်ပေါက်ရန်အတွက် ဘုရားသုံးမြို့ရှိ သက်ဆိုင်ရာ အဖွဲ့အစည်းနဲ့ ဌာနဆိုင်ရာအ
သီးသီးထံသို့ ဒီဇင်ဘာလ ၁ရက်နေ့ မှာ တိုင်ကြားစာပို့ဆောင်ထားတယ်လို့ ဦးစံသင်း
က ပြောပါတယ်။
“ဖြစ်ချင်တာကတော့ အမှုမှန်ပေါ်ပေါက်ဖို့ပဲ။ ဘာမဟုတ်တဲ့ သံသယကိစ္စလေးနဲ့ သေတဲ့
အထိ ဖြစ်တာကို ကျနော်မကျေနပ်တာ၊ ဥပမာဆိုရင် ခိုးရာပါပစ္စည်းနဲ့မိရင် တခါတည်း
ရိုက်သတ်လိုက်ရင် ကျနော်ကျေနပ်တယ်။ အခုတော့ ဘာမှလည်း မတွေ့ပဲနဲ့ ကျနော်
ဘယ်လိုခံစားရမလဲဆိုတာ ကျနော့်အတွက်လည်း ခံစားပေးကြည့်အုံးလို့ ပြောချင်ပါ
တယ်” လို့ ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူမြို့မှာ ဖောက်ထွင်းမှု၊ ဓါးပြတိုက်မှု၊ လုယက်မှုများ
မကြာခဏဖြစ်ပွားလေ့ရှိတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။

No comments:
Post a Comment