Thursday, January 10, 2013

စစ်မှန်သော ငြိမ်းချမ်းရေး ရရှိရန် အချိန်ယူရအုံးမည်ဟု ကေအဲန်ယူပြော

Photo - KIC
ဇန်န၀ါရီလ ၁၁ရက်။ စောထူးထူး (ကရင်ကျောင်းသားများကွန်ယက်)

မြန်မာ သမ္မတရဲ့ဖိတ်ကြားချက်အရ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးဥက္ကဌ ဗိုလ်ချုပ်ကြီး စော မူတူးစေးဖိုး ဦးဆောင်တဲ့ ကေအဲန်ယူ ခေါင်းဆောင်တစ်ချို့ဟာ ဇန်န၀ါရီလ ၅ရက်နေ့က မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ 


၎င်းတွေ့ဆုံပွဲမှာ ကေအဲန်ယူအနေနဲ့ နှစ်ဖက်အကြားငြိမ်းချမ်းရေးနဲ့ အပစ်ခတ်ရပ်စဲရေးကိစ္စကို ပိုမိုခိုင် မာအောင်နဲ့ လက်ရှိစစ်ပွဲတွေဖြစ်ပွားနေတဲ့ ကချင်ဒေသကတိုက်ပွဲတွေကို ရပ်တန့်ပေးဖို့နဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေကို ဆက်လက်လုပ်ဆောင်သွားဖို့အတွက် ဆွေးနွေးခဲ့ကြတယ်လို့ ကေအဲန် ယူက ပြောပါတယ်။  

သို့ပေမယ့်လည်း လက်ရှိငြိမ်းချမ်းရေး ဆွေးနွေးရာမှာ အချိန်ယူပြီး အတူတကွ ပူးပေါင်းလုပ်ဆောင်မှ သာလျှင် အောင်မြင်နိုင်မယ်လို့ ကေအဲန်ယူရဲ့ တွဲဖက်အတွင်းရေးမှူး(၂) ပဒိုမန်းမန်းမန်းက အခုလို ပြောပါတယ်။

သူက“အစိုးရရဲ့ သွေးခွဲအုပ်ချုပ်မှုကို ကြည့်မယ်ဆိုရင် ကျနော်တို့ တိုင်းရင်းသားတွေ အားလုံး လိုချင်တဲ့ ငြိမ်းချမ်းရေးကို ချက်ချင်းတော့ ယူလို့ရသေးမှာ မဟုတ်ပါဘူး။ အချိန်ယူပြီး ၀ိုင်းဝန်းလုပ်ဆောင်ကြမှပဲ ဒီပြဿနာကို ကျော်လွှားနိုင်လိမ့်မယ်” ပြောပါတယ်။ 

သမ္မတ ဦးသိန်းစိန်အနေနဲ့ နိုင်ငံရေးပြဿနာများကို နိုင်ငံတော်က ချမှတ်ထားတဲ့မူအတိုင်း လွှတ်တော်ထဲမှာသာ ဖြေရှင်းဖို့ ဆန္ဒရှိပေမယ့်လည်း  မိမိတို့ဖက်မှ လွှတ်တော်အတွင်း သာမကဘဲ လွှတ်တော် ပြင်ပမှာပါ ပြောဆိုခွင့်ရှိဖို့ ပြန်လည်ပြောကြားတာတွေရှိတယ်လို့ ပဒိုမန်းမန်းမန်းက ဆက်ပြောပါတယ်။ 

အစိုးရအနေနဲ့ နိုင်ငံရေးအရကို ဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိပါက  အပစ်ခတ်ရပ်စဲရေးလည်း ရေ ရှည်ခိုင်မြဲမှာ မဟုတ်ကြောင်း ပဒိုမန်းမန်းမန်းက သုံးသပ်ပါတယ်။ “ကျနော်တို့ အနေနဲ့ ကတော့ စစ်ရေး အရ အပစ်ခတ် ရပ်စဲရေးအနေအထားကနေတဆင့် ကျော်လွှားနိင်ရမယ်။ အဲဒါပြီးမှ နိင်ငံရေးအရ ဆက်ဆွေးနွေးမယ်။ အဲဒီလိုသာ ဆက်မဆောင်ရွက်နိုင်ရင်တော့ အပစ်ခတ်ရပ်စဲရေးလဲ ဘယ်တော့မှ ခိုင်းမြဲမှာမဟုတ်ဘူး”သူက ပြောပါတယ်။ 

ကေအဲန်ယူရဲ့ အခုခရီးစဉ်မှာ မြန်မာသမ္မတ ဦးသိန်းစိန်၊ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်း၊ ၀န်ကြီးဦးခင်ရီနဲ့ ကာကွယ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အပါအ၀င် ရန်ကုန်မြို့ရှိ ကရင်ရပ်မိရပ်ဖတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ကေအဲန်ယူက ပြောပါတယ်။ 

မြန်သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက်အရ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်း၊ တွဲဖက်အတွင်းရေးမှူး(၂)ပဒိုမန်းမန်းမန်း၊ ပဒိုမန်းငြိမ်းမောင်၊ ပဒိုစောရောဂျာခင်နဲ့ ပဒိုစောလှထွန်းတို့ဟာ အခုလ ၃ရက်နေ့မနက်မှာ ထိုင်း-မြန်မာနယ်စပ်မှစတင် ထွက်ခွာခဲ့ပြီး ၈ရက်နေ့ ညနေမှာ ပြန်လည်ရောက်ရှိခဲ့ပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ