Tuesday, January 8, 2013

မြန်မာနိုင်ငံတော်သမ္မတကြီးနဲ့ ကေအဲန်ယူ -တို့ တွေ့ဆုံမည်

ဇန်န၀ါရီလ ၈ရက်။ စောထူးထူး (ကရင်ကျောင်းသားများကွန်ယက်)


ကေအဲန်ယူ-ကရင်အမျိုး သားအစည်းအရုံးရဲ့ ၁၅ ကြိမ်မြောက် ကွန်ကရက် ရွေးကောက်ပွဲ ပြီးသည့်နောက် ပိုင်းတွင် ပထဦးဆုံ အကြိမ်အနေနဲ့ ဦးသိန်းစိန် ဦးဆောင်တဲ့ မြန်မာအစိုးရ အဖွဲ့နဲ့ သွားရောက်တွေ့ ဆုံးမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
စက်တင်ဘာလ ၃ ရက်နေ့ ၂၀၁၃ ရက်နေ့တွင် ကေအဲန်ယူ ဗဟိုဌာနချုပ်မှ ခေါင်းဆောင် ကိုယ်စားလှယ် အချို့ တို့သည် မြန်မာနိုင်ငံတော် သမ္မတကြီး၏ ဖိတ်ကြားချက်အရ ဗဟိုဌာနချုပ်မှ စတင်ထွက် ခွာခဲ့ တယ်လို့သိရ ပါတယ်။

သွား ရောက်တွေ့ဆုံ ရာတွင် အဓိကအားဖြင့် တိုင်းရင်းသားဒေသများ၌ ဖြစ်ပေါ်နေသည့်စစ်ပွဲများ ရပ်စဲရန်နှင့် အဓိပ္ပါယ်ပြည့်ဝသော ငြိမ်းချမ်းရေး ဆွေးနွေးမှု ရောက်ရှိနိုင်ရန် ဆွေးနွေးသွား မှာဖြစ်တယ်လို့ ကေအဲန်ယူ ရဲ့ ထုတ်ပြန်ကြေညာ ချက်အရသိရပါတယ်။

ထိုဆွေးနွေးပွဲသို့ ကေအဲန်ယူ ရဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ အတွင်းရေးမှူးချုပ်
ပဒိုစောကွယ်ထူးဝင်း၊ တွဲဖက်အတွင်းရေးမှူး(၂) ပဒိုမန်းမန်း၊ အလုပ်အမှုဆောင်အဖွဲ့ဝင် ပဒို
မန်းငြိမ်းမောင်နဲ့ ဗဟိုကော်မတီဝင် ပဒို စောလှထွန်း တို့လဲ ပါဝင်တယ်လို့ သိရပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ