Thursday, May 23, 2013

အစိုးရ စစ်တပ်၏ ဗုံးကျဲလေယာဉ်ကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်

မေလ ၂၃ရက်။ စောဖိုးထူး။ (ကရင်ကျောင်းသားများ ကွန်ယက်)

ဓါတ်ပုံ- အင်တာနက်
ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ထိန်းချုပ်နယ်မြေ တပ်မဟာ (၂)၊ တောင်ငူခရိုင် ထန်းတပင်မြို့တွင် အစိုးရဖက်မှ ဗုံးကျဲလေယာဉ် များဖြင့် စစ်ရေးလေ့ကျင့်မှု များ ပြု လုပ်နေသောကြောင့် ဒေသခံများအနေဖြင့် အလွန် စိုးရိမ်ထိတ်လန့် နေရသည်ဟု သိရသည်။ 



ယခု မေလ၂၁ - ၂၂ ရက်နေ့များတွင် မနက် ၉ နာရီ မှ မွန်းလွဲ ၂ နာရီအထိ ထန်းတပင် အရှေ့ဘက် ၅မိုင်ခန့်အကွာရှိ သရေဘာနှင့် သဖန်းချောင်းဒေသတို့တွင် အစိုးရလေတပ်မှ ဗုံးကျဲလေယာဉ်များဖြင့် လာရောက်စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။  

အစိုးရစစ်တပ်၏ ယခုစစ်ရေးလေ့ကျင့်မှုနှင့် ပတ်သက်၍ ကေအဲန်ယူ တောင်ငူခရိုင်တွဲဖက်အတွင်းရေးမှူး  ပဒိုစောသောတူထူးက “အခု ဗုံးတွေလာကျဲတာက  အဲဒီဒေသမှာရှိတဲ့ ပစ်ကွင်းကိုပေါ့လေ၊ တောင်တွေကို ပစ်တာမဟုတ်ဘူး။ သူတို့တွေ အဲသလိုလုပ်တာ နှစ်ရက်ရှိသွားပြီ။ ဒီနေ့တော့ ဘာအသံမှ မကြားရသေးဘူး။ ဒါပေမယ့် စောင့်ကြည့်ရအုံးမယ်”ဟု ပြောသည်။

အစိုးရစစ်တပ်မှ ယခုလို ဗုံးကျဲလေယာဉ်များဖြင့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သောကြောင့် ဒေသခံပြည်သူများက ထိတ်လန့်ကြောက်ရွံ့နေရသဖြင့် အလုပ်မဆင်းရဲကြဘဲ အလုပ် အကိုင်ပျက်နေရသည်ဟု ပဒိုစောသောတူထူးက ပြောသည်။  

“များသောအားဖြင့် တော့ အဲဒီဒေသမှာနေတဲ့ ပြည်သူတွေဟာ လယ်ယာတွေကိုပဲအားထားပြီး လုပ်ရတယ်လေ။ မိုးဦးကျပြီဆိုရင် သူတို့တွေက လယ်ထဲဆင်းနေကျပဲလေ ဒီလိုဗုံးကျဲတဲ့ အသံတွေကြားရတော့ သူတို့လည်း အရမ်းကြောက်ကြတယ်။ လယ်ထဲ ကိုလည်း မဆင်းရဲကြတော့ဘူး။ အလုပ်လဲပျက်ကြတယ်လေ” ဟု ဆက် ပြောသည်။

၎င်းလာရောက် စစ်ရေးလေ့ကျင့်သည့် အစိုးရစစ်တပ်သည် တောင်ငူမှ လေတပ်ဖြစ်ပြီး  ယခု စစ်ရေးလေ့ကျင့်မှုများနှင့်ပတ်သက်၍ ကေအဲန်ယူ တောင်ငူခရိုင်ဘက်က တစုံတရာ တုံ့ပြန်ပြောဆိုမှုများ လုပ်ဆောင်ခြင်း မရှိသေးကြောင်း သိရှိရသည်။    


1 comment:

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ